သူမအတွက်တက်တူးထိုးပေးပြီးမှ အလွဲအချော်ဖြစ်ခဲ့ရတဲ့ ညီမငယ် ခင်ရတနာစိုးကြောင့် ရယ်ရခက်၊ ငိုရခက်ဖြစ်သွားခဲ့ရတဲ့ နီနီခင်ဇော်

ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်မျှော်အားပေးခဲ့ကြတဲ့ The Voice Myanmar Season (3) သီချင်းဆိုပြိုင်ပွဲကြီးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပြီပဲ ဖြစ်ပါတယ်။



နီနီခင်ဇော်ရဲ့ Team Ni Ni က Finalist ပြိုင်ပွဲဝင် ခင်ရတနာစိုးကလည်း Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။



ခင်ရတနာစိုးကတော့ သူမရဲ့ ပင်ကိုယ်အရည်အချင်းကြောင့်သာမက Coach ဖြစ်သူ နီနီခင်ဇော်ရဲ့ သင်ကြားပြသပေးမှုကြောင့် ပရိသတ်သိတဲ့ ပြိုင်ပွဲဝင်ဖြစ်လာခဲ့ပြီး သူမရဲ့ ကျေးဇူးရှင်ဆရာသမား နီနီခင်ဇော်အတွက် နီနီခင်ဇော်ရဲ့ Logo ကို တက်တူးလေးထိုးပေးခဲ့ပါတယ်။



ဒါပေမယ့် ခင်ရတနာစိုးထိုးလိုက်တဲ့ Logo က နီနီခင်ဇော်ထုတ်တဲ့ အလှကုန်ပစ္စည်း logo ဖြစ်နေတာကြော်င့ နီနီခင်ဇော်က “ကိုယ့် Logo ဆိုပီး Super Red logo ထိုးလိုက်တဲ့ဆရာမ 😊 Phoenix က ကိုယ်ပိုင် Logo မို့လို့သူ့ကို ရှင်းပြရသေးတယ် .. ခင်ခင့်ကို ကျေးဇူးတင်ပါတယ်… မိသားစုလိုသဘောထားပေးလို့ပါ…. သူ့ Fan တွေကိုယ်စားတော့ ဆူထားပေးတယ်နော် 😄” ဆိုပြီး ခင်ရတနာစိုးအကြောင်းလေးကို ပြောပြလာပါတယ်။



နီနီခင်ဇော်ရဲ့ ကိုယ်ပိုင် logo လေးက ဇာမဏီငှက်ပုံလေးဖြစ်ပေမယ့် ခင်ရတနာစိုးက နီနီခင်ဇော်ထုတ်တဲ့ Super Red အမှတ်တံဆိပ် Logo လေး ထိုးခဲ့တာကြောင့် ရယ်ရခက်၊ ငိုရခက်ဖြစ်ခဲ့့ရတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခင်ရတနာစိုးတစ်ယောက် နီနီခင်ဇော်ကိုချစ်တဲ့စိတ်ကတော့ ချီးကျူးစရာပါပဲနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit Cele Connections