ချစ်ဖေဖေနဲ့မေမေအလှူအတန်းတွေစိတ်ကြိုက်ပြုလုပ်နိုင်ရန်အတွက် ငွေသားအထုပ်လိုက်ပေးကာ လက်ဆယ်ဖြာမိုးကန်တော့ခဲ့တဲ့ ပိုင်တံခွန်

နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုတွေကို တစ်ခဲနက် ရရှိထားပြီး မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံများမှာပါ အောင်မြင်မှုတွေ ရရှိနေသူကတော့ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။



အနုပညာလောကထဲကို ဝင်ရောက်လာတာ မကြာသေးပေမယ့်လည်း ဖော်ဖော်ရွေရွေနဲ့မာန်မာနကင်းစင်ကာ ဘာလုပ်လုပ် စေတနာပါပါ လုပ်ကိုင်တတ်တာကြောင့်လည်း ပရိသတ်တွေရဲ့ အသိမှတ်ပြုခြင်းကို အချိန်တိုအတွင်း ရရှိလာတာပါ ။ 



ပိုင်တံခွန်က မော်ဒယ်လ်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အောင်မြင်စွာရပ်တည်ပြီး အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာတဲ့ ပိုင်တံခွန်က လတ်တလောမှာဆိုရင် သီချင်းဗီဒီယိုနဲ့ ကြော်ငြာလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။ 



အလုပ်တွေကြိုးစားလုပ်ကိုင်သလို မိဘနှစ်ပါးအပေါ်မှာလည်း အရမ်းသိတတ်လိမ္မာပြီးလုပ်ကျွေးပြုစုနေသူတစ်ယောက်ပါ ။ အခုလည်း မိဘနှစ်ပါး အလှူအတန်းတွေ ကိုယ်တိုင်စိတ်ကြိုက်ပြုလုပ်နိုင်စေရန် ငွေသားအထုပ်လိုက်ပေးကာ လက်ဆယ်ဖြာမိုးကန်တော့ခဲ့တာလည်းဖြစ်ပါတယ်။



ပုံလေးတွေနဲ့အတူ ” ကျနော်က နဲနဲတော့ လောဘကြီးတယ် မိဘတွေကိုဒီဘဝမှာလည်းပြည့်စုံစေချင်တယ် သံသရာမှာလည်းပြည့်စုံစေချင်တယ် ဒါက အဖေ နဲ့ အမေ ရဲ့ သံသရာ မှာပါမဲ့ ကုသိုလ်ရေးတွေလုပ်ဖို့အတွက်  ကျနော့်ရဲ့ လစဉ်ထောက်ပံ့ကြေးငွေပါ မိဘတွေ သက်ရှိထင်ရှားရှိနေတဲ့ချိန်မှာ သူတို့လက်နဲ့ သူတို့ကိုယ်တိုင်လှူဒါန်းလို့ရအောင်ပါ” စာလေးကိုဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Credit Cele Zone