
( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )
ဘာသာတရားကိုင်းရှိုင်းတဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ ဆုပန်ထွာကတော့ ပရိတ်ပဌာန်းနေ့စဉ်ရွတ်ဖတ်ဖြစ်ပုံနဲ့ မဟာသမသုတ်မြန်မာပြန်ကို လှူဖြစ်တဲ့ပုံအကြောင်းကို Myanmar Cele 7 နဲ့ အင်တာဗျူးမှာ အခုလိုပဲဖြေကြားခဲ့ပါတယ်။
“မပန်ကိုတစ်ချို့ကမေးတယ် မဟာသမယသုတ်ရွတ်တာ ဘာဆုတောင်းရလဲပေါ့ မပန်ကတော့ လိုချင်တာရှိလို့မဟုတ်ဘူး အေးချမ်းချင်တယ် ပဌာန်းတွေဘာတွေရွတ်ရင်းပီတိဖြစ်တဲ့စိတ်လေးလိုချင်လို့ပေါ့ မပန်ဆို ဘာဆုမှမတောင်းဘူး ညောင်ဆယ်ပင်အဓိဌာန်ဆိုရင်လည်း ဒီလိုပဲ ဘုရားတရားလုပ်ရင်းအေးချမ်းတဲ့ပီတိလိုချင်လို့လုပ်တာ ဘာဆုမှမတောင်းဘူး”
ဓာတ်ကြီးလေးပါးဆွမ်းကပ်တယ်ဘာတယ်ဆိုရင်လည်း လိုချင်တဲ့ဆုလေးတော့တစ်ခုလောက်တောင်းပေါ့ ဒီလိုမျိုးလေးတော့ရတာပေါ့ လူဆိုတာက တစ်ခုရပြီးနောက်တစ်ခုလိုချင်ပြန်ရောလေ မပန်ကတော့ အဲ့ဒီလို လိုချင်တဲ့စိတ်မရှိဘူး မရှိတော့ပိုအေးချမ်းတာပေါ့” လို့ သူပရိတ်ပဌာန်းရွတ်ဆိုရတဲ့အကြောင်းအရင်းကို ပြောပြခဲ့တာပါ။
“မပန်ကတော့ ဆွမ်းကပ်တယ် သောက်တော်ရေလှူ ဆီမီးလှူ အခုဆိုရင်တော့ မဟာသမသုတ်ရွတ်တယ် ပြီးတော့အခုမေတ္တာသုတ်လေးကို အပိတ်လေးရွတ်လိုက်တယ် အရဟံသိဒ္ဒိပုတီးလေးစိပ်တယ် အခုဂုဏ်တော်ကိုးပါးပါစိတ်တယ် အဓိကကတော့စိတ်အေးချမ်းတာပေါ့”
“အရင်ကတော့ သရဏဂုံတင်ဖြစ်တယ်မိုးလင်းတာနဲ့မျက်လုံးဖွင့်တာနဲ့ ရေသောက်ရင်ဖြစ်ဖြစ်ကော်ဖီသောက်ရင်ဖြစ်ဖြစ် သရဏဂုံလေးရွတ်ဖြစ်တယ် မဟာသမယသုတ်ကိုလည်း Facebook မှာတင်ပေးဖြစ်တယ် ပါဠိလိုပဲရှိတယ် မြန်မာအသံထွက်မရှိဘူး အဲဒီ့တော့ ၆လပိုင်းမှာ မမထိုင်ပြီးရေးတာ ကြည့်ရေးတာပေါ့နော် နေရာခြားတာလေးကအဆုံး အသေးစိတ်ရေးပြီး facebook မှာတင်ပေးတယ်”
” ၆ရက်လောက်ကြာတယ် ရေးရတာ ကလေးတစ်ဖက်နဲ့ဆိုတော့ အခုဆိုရင် မြန်မာအသံထွက်လေးကိုလက်ကမ်းစာစောင်လေးလုပ်ပြီးပေးချင်တယ် ဒါကိုအိတ်ထဲထည့်ထားရင် အပြင်သွားရင်တောင်ကြုံတဲ့နေရာမှာ ထုတ်ပြီးရွတ်လို့ရတယ်”
“အမှန်တော့မပန်ကမွေးနေ့မှာလိုချင်တာ ပုံနှိပ်တိုက်တွေက မြန်မာအသံထွက်ကြီးပဲ ဘယ်လိုမှမရိုက်ပေးဘူး ပါဠိနဲ့မြန်မာအသံထွက်၂မျိုးဆိုရင်ရမယ် ၁မျိုးတည်းဆိုရင်မရိုက်ပေးဘူး ပါဠိလို ပျောက်ပျက်သွားမှာစိုးလို့ပေါ့ နောက်ဆုံးကျတော့ ပုံနှိပ်လုပ်ငန်းတစ်ခုကနေရတယ်ပေါ့ အခုတော့ လှူနိုင်တော့မယ်ပေါ့”လို့ အင်တာဗျူးမှာဖြေဆိုခဲ့တာကို တွေ့ရပါတယ်။
Shwe Yaung Myanmar ( Writer – LLA )