
နာမည်ရ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မေပန်းချီကတော့ ချောင်းရိုက်ထားတဲ့ပုံတွေနဲ့ပတ်သတ်ပြီး မိန်းကလေးအချင်းချင်းတိုက်ခိုက်တဲ့အတွက် ခံစားရကြောင်းကို Myanmar Celebrity နဲ့ အင်တာဗျူးမှာ အခုလိုပဲဖွင့်ဟခဲ့ပါတယ်။
“တစ်ချို့တွေက မိန်းကလေးချင်းပြောရင်မကြိုက်ကြဘူး ကိုယ်ကိုယ်တိုင်ကလည်း မိန်းကလေးအချင်းချင်းဘက်နေ ဖေးမတယ် မတိုက်ခိုက်ဘူး တစ်ချို့မိန်းကလေးတွေကျတော့ စိတ်ဓာတ်အောက်တန်းကျတဲ့သူတွေရှိတယ်”
” ကိုယ်ကတော့ကိုယ့်ကိုတိုက်ရိုက်တိုက်ခိုက်တာလက်ခံနိုင်တယ် လူတိုင်းက ကြိုက်တာရှိတယ် မကြိုက်တာရှိတယ် လွတ်လပ်စွာပြောလို့ရတယ် ဒါပေမဲ့ ကိုယ့်ခွင့်ပြုချက်မယူဘဲ ချောင်းရိုက်ထားတဲ့ပုံတွေကို Public နဲ့တင်ပြီး ကိုယ့်ကိုဟာသလုပ်တာကတော့ ဘောင်မဝင်ဘူးလေနော်”
“ကိုယ်ဆိုရင်လည်း သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်ပုံရိုက်ရင် ကိုယ်လှတဲ့ပုံပဲမတင်ဘူး ကိုယ်ပေါင်းတဲ့သူငယ်ချင်းတွေဆိုတာ ညီတူညီမျှပေါ့ စိတ်ဓာတ်အောက်တန်းကျတဲ့မိန်းကလေးတွေကတော့ သူတင်လိုက်ရင် သူအလှဆုံးပုံပဲတင်တာ ကျန်တဲ့သူတွေဖင်ကုပ်ခေါင်းကုပ်နေလည်း သူတို့လှတဲ့ပုံပဲတင်တာ သူတို့wall မှာသူတို့ပုံတင်တာဘာမှမဖြစ်ပေမယ့် ကိုယ့်ပုံတင်တာကိုတော့ ကိုယ်ကချိုချိုသာသာလေးပဲပြောပါတယ် ဖျက်ပေးပါပေါ့ ကိုယ်ခံစားနေရတာ သူသိချင်မှသိမှာပါ”
“ခရီးထွက်တယ် မိန်းကလေးတစ်ယောက်နဲ့ရေဆော့ရင်း ပေါင်ပေါ်နေမယ် ဒူးပေါ်နေမယ် ကိုယ့်အနေနဲ့ဆိုရင် မိန်းကလေးအချင်းချင်းကိုယ်ချင်းစာတဲ့အနေနဲ့ကြည့်လိုက်မယ် ဒီပုံမှာမေပန်းချီမလှဘူးထင်ရင် မတင်ဘူး ဗိုက်ခေါက်ထွက်နေတယ်ဆိုရင်မတင်ပေးဘူးကွာ စိတ်ဓာတ်ပေါ့ ဒါမိန်းကလေးအချင်းချင်းလေးစားမှုရှိရမယ် သူများပုံတင်မယ်ဆိုရင် ခွင့်တောင်းရတယ် ”
“အပြင်လူတွေတောင်မလှတဲ့ပုံတင်ရင်မကြိုက်တာ ပန်းချီတို့လို အနုပညာရှင်တွေပိုဆိုးတယ် ဘယ်သူမှ Facebook မှာမလှတဲ့ပုံမတင်ချင်ကြဘူး birthday wish တို့ဘာတို့လို အခွီတင်တယ်ဆိုရင်လည်း ကိုယ်ကကြံဖန်ပြီးသည်းခံဦးမှာ အခုဟာက ကိုယ်နဲ့မပတ်သတ်တော့တဲ့ ex နဲ့ဘေးချင်းကပ်ထိုင်နေတဲ့ပုံတွေ မလုပ်ရဘူးကွာ ကိုယ်လည်းမကြိုက်ဘူး ပြီးပြီးသားကိစ္စတွေ ”
“ပညာမတတ်ရင်တောင်ကိုယ်ချင်းစာတရားရှိရင်ဒီလိုမလုပ်ဘူး ဘွဲ့ရပညာတတ်မှ အလိုက်ကမ်းဆိုးသိတာမဟုတ်ဘူးလေ သူသာအသိတရားရှိရင် မလှမပပုံတွေဆိုတဲ့ခေါင်းစဉ်နဲ့ကိုယ့်ပုံကြီးပဲတင်မှာမဟုတ်ဘူး ဘယ်လိုရန်ငြိုးပဲရှိရှိ ကိုယ်ဆိုရင်မလုပ်ရက်ဘူး
မိန်းကလေး လေးငါးခြောက်ယောက်ခရီးသွားတဲ့ပုံတွေမှာ ကိုယ်တစ်ယောက်တည်းရဲ့ပရမ်းပတာပုံတွေကိုဘယ်တုန်းကအားကျပြီးခိုးရိုက်ထားလဲမသိဘူးပေါ့နော်”
“ကိုယ်နဲ့မဆိုင်တော့တဲ့သူပုံတွေရော ကိုယ့်ပုံတွေရော snap ထားတာဆိုတော့ ကိုယ်သိလိုက်တယ် သူကတော်တော်ကြာကြာစန်ိုက်ချင်နေတာ တော်တော်ကြာကြာအားကျနေတာပဲဆိုတာသိလိုက်တယ် ”
“ကိုယ်ကရိုးရိုးသားသားပြောပြီး ဖျက်ခိုင်းလိုက်ပေမယ့် ဘယ်နှယောက်ကြည့်ပြီးပြီလဲမသိဘူးလေ တချို့မိန်းမတွေဆိုရင် ကိုယ့်ထက်ကိုယ့်ဘဲကိုပိုခင်နေတာတွေရှိတယ် ပန်းချီတို့ဆိုရင် ဘေဘီတို့လိုမယူရသေးတဲ့အတွဲတွေနဲ့တောင် သူ့ကိုကျော်ပြီးသားဂန်းကိုစကားမပြောဘူး ဘယ်လောက်ပဲခင်ခင် တစ်ချို့ကကျတော့ သူငယ်ချင်းပါ နင့်ဘဲကိုငါပိုင်ပါတယ်အကွက်တွေပြချင်တာရှိတယ်”
“ပန်းချီတို့ဆိုရင် လည်ပင်းဖတ်ပြီးခင်ခဲ့တဲ့သူဆိုရင်တောင် ရည်းစားရသွားရင် သူ့ရည်းစားဖုန်းကိုဆက်မယ် သူရှိလားသူနဲ့ပြောချင်တယ် လေးစားမှုပေါ့ တစ်ချို့မိန်းကလေးတွေကတော့ သူငယ်ချင်းပဲ နင့်ထက်ငါပိုပိုင်တယ်တွေလုပ်ချင်တယ် ဓာတ်ပုံတွေရိုက်ခိုင်း photo by ဘယ်သူပေါ့ ဒါတွေမလုပ်သင့်ဘူး မိန်းကလေးအချင်းချင်းစည်းထားရတယ်လေ လူ့အသိုင်းဝိုင်းမှာနေရင် စည်းတွေဘောင်တွေရှိတယ် ”
မေပန်းချီကတော့ သူ့ကိုချောင်းရိုက်ပုံတွေနဲ့တိုက်ခိုက်လာသူကို “ပြောချင်တာကတော့ မေပန်းချီကရုပ်ဆိုးပါတယ် သူကချောပါတယ်ပေါ့ public မှာ မရှလူးရဲတော့ ကိုယ့်ပုံအောက်မှာ ရှလူးနေကြတာ အနုပညာအသိုင်းအဝိုင်းထဲကလူတွေပါပဲ မိန်းမအချင်းချင်းစည်းတွေဘာတွေနားလည်ပါလို့ပဲပြောချင်တာပါ စမန်မထကြပါနဲ့ပေါ့” လို့ ပွင့်ပွင့်လင်းလင်းသတိပေးခဲ့တာပါ။
Shwe Yaung Myanmar ( Writer – LLA )