
လူတွေ မထင်မှတ်တဲ့ လုပ်ရပ် တစ်ခုကို အင်ဒိုနီးရှားနိုင်ငံ က သူဌေးကြီး Richard Mul-jadi က လုပ်လိုက်ပြန်ပါပြီ။
သူက ချမ်းသာလွန်းလို့ အင်ဒိုနီးရှား နိုင်ငံမှာ နာမည်ကြီးတဲ့ သူတစ်ယောက်ပါပဲ။ သူရဲ့ ဇနီးက ရုပ်ရှင်မင်းသမီး Shalvynne Chang ဖြစ်တယ်။
သူတို့ နှစ်ယောက်ဟာ ဘာလီကျွန်းကို လေယာဥ်နဲ့ ခရီးသွားကြမှာ ဖြစ်တယ်။
သူတို့ ဇနီးမောင်နှံ နှစ်ဦးဟာ လေယာဥ်ပေါ်မှာ ကိုဗစ် ကူးခံရမှာ ကြောက်လို့ လေယာဥ် တစ်စီးလုံးကို ငှားခဲ့ကြတယ်။
တခြားသူတွေ ပါလာရင် စိတ်အနှောက်အယှက် ဖြစ်တဲ့ အတွက် Batik Air ရဲ့ လေယာဥ် ခရီးစဥ် ရိုးရိုးတန်းခုံ ၁၅၀ အပါအဝင် ၊ အထူးတန်း ၁၂ ခုံ အားလုံးကို ဝယ်ယူဖို့ ငွေကြေး အမြောက်အများ သုံးစွဲလိုက်တယ်။
တန်ဖိုးအားဖြင့် ဒေါ်လာ ၆၀၀၀ အထက် ကုန်တာ ဆိုတော့ မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်း ၈၀ နီးပါးပေါ့။
သူဌေးကြီးတွေရဲ့ ငွေကို ရေလိုမျိုး သုံးနိုင်ဖြုန်းနိုင်စွမ်းကတော့ တကယ်ကို ကြောက်ခမန်းလိလိ ပါပဲ။
သူတို့ နှစ်ယောက်က လွဲရင် ဘယ်သူမှ မရှိကြတဲ့ လေယာဥ်ကြီးပေါ်က ခုံတန်း အလွတ်တွေကို ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်ကို တင်ခဲ့ကြသေးတယ်။
SYL Video – ရွှေရောင်လမ်း ( Writer – WPO )
Photo – Original