မြင့်မြတ်ရဲ့ အကြောင်းတွေကို ဖွင့်ဟ လာတဲ့ ဆရာဖြစ်သူ ဂျွန်လွင်

( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )

​ဂျွန်​လွင်​က​တော့ ​သူ့ရဲ့​မော်​ဒယ်​​အေဂျင်​စီက​နေ ​မော်​ဒယ်​ သရုပ်​​ဆောင်​ စတဲ့အနုပညာရှင်​​တွေအများကြီးကို ​မွေးထုတ်​​ပေး​နေတဲ့သူပဲဖြစ်​ပါတယ်​။ လတ်​တ​လောလူ​ပြောများ​နေတဲ့ မြင့်မြတ်​အ​ကြောင်းနဲ့ပတ်​သတ်​ပြီး ဂျွန်​လွင်​က​တော့ Myanmar Cele 7 နဲ့အင်​တာဗျူးမှာ အခုလိုပဲ ဖွင့်ဟထားပါတယ်​။

“ဟို​နေ့ကယုန်​​လေးနဲ့ video call ​ပြောရင်း မြင့်မြတ်​နဲ့​တွေ့​တော့ မင်းအ​ဖေနဲ့ပြဿနာဘယ်​လိုဖြစ်​တာလဲလို့​တောင်​​မေးလိုက်​​သေးတယ်​ သူက​တော့သားအဖအချင်းချင်းနားလည်​မှုလွဲတာပါတဲ့ ကျွန်​​တော်​ဆရာ့ကိုလာကန်​​တော့မလို့ပဲ ကိုဗစ်​ကာလကြီးလာတာဆရာမကြိုက်​မှာစိုးလို့ဆိုပြီး ဖုန်းထဲက​နေ​တောင်​လက်​အုပ်​​လေးချီပြီးကန်​​တော့လိုက်​​သေးတယ်​ ကျွန်​​တော်​အတွက်​ ဒါနဲ့လည်းအဆင်​​ပြေပါတယ်​ လက်​​ဆောင်​​တွေနဲ့လာကန်​​တော့စရာမလိုဘူး ပန်းသီးတစ်​လုံးနှစ်​လုံးနဲ့လည်းရတယ်​ ”

“ကျွန်​​တော့်အလုပ်​ကလည်းအဆင်​​ပြေတယ်​ ဘာမှမလိုအပ်​ဘူး ကျွန်​​တော်​​တောင်​သူများကိုပြန်​​ပေးချင်​​နေတဲ့အချိန်​မှာ သူတို့ရဲ့သိတတ်​မှုကိုကျ​တော့ ကိုယ့်အ​နေနဲ့ပီတိဖြစ်​ရတာ​ပေါ့ ”

“မြင့်မြတ်​ဆိုတာလည်း ကျွန်​​တော့်တပည့်အရင်း​ခေါက်​​ခေါက်​​ပေါ့ ကျွန်​​တော်​က​တော့ သူတို့​နေရာတစ်​​နေရာမှာပြုံးပန်းပွင့်​နေတာကိုပဲမြင်​ချင်​တယ်​ လူ​တွေက သူနဲ့အလုပ်​လုပ်​ရတာအဆင်​မ​ပြေဘူးဆိုရင်​ ကိုယ်​ရဲ့သားသမီး​တွေကိုမ​ကောင်းလာ​ပြောသလိုခံစားရတယ်​

ကျွန်​​တော်​က ကိုယ့်တပည့်​တွေ​အောင်​မြင်​တယ်​ဆိုတာကိုပဲလိုချင်​တယ်​ ကျရှုံးသွားတာမမြင်​ချင်​ဘူး တစ်​ချို့ကအိမ်​​ထောင်​ကျတယ်​ အသက်​ကြီးလို့စွန့်လွှတ်​သွားတယ်​ ဒါက​တော့သက်​သက်​​ပေါ့​နော်​”

“မြင့်မြတ်​ကငယ်​ငယ်​ကတည်းက အလိုက်​သိတတ်​တယ်​ အင်းစိန်​က​နေ ကျွန်​​တော့်သမိုင်းကအိမ်​ကိုလာတယ်​ ရုံးသွားတယ်​ သင်​တန်း​တွေဘာ​တွေတက်​တယ်​ ပြီးရင်​မပြန်​ဘူး ကျွန်​​တော်​တို့အလုပ်​​တွေကိုဝိုင်းလုပ်​​ပေးတာ​တွေရှိတယ်​ ကျွန်​​တော်​ညပြန်​​တော့မှ အင်းစိန်​ပြန်​ပို့​ပေးကြတယ်​ အရမ်းလိမ္မာယဉ်​​ကျေးတဲ့က​လေး​တွေ”


“မ​နေ့က​တောင်​​ပြောလိုက်​​သေးတယ်​ မင်းယုန်​​လေးတို့နဲ့တချိန်​လုံး​ပေါင်း​နေတာ သူတို့ကလူပျိုလူလွတ်​​တွေ မင်းကက​လေးနဲ့မိန်းမရှိတာ က​လေး​တွေနဲ့​နေ​လေကွာဆို​တော့​တောင်​ ကျွန်​​တော်​တို့တစ်​ခါတစ်​​လေ​တွေ့ဖြစ်​တာ ကိစ္စရှိလို့လာရင်းဆုံတာတဲ့ အဲဒီ့လို​ပေါ့ ​ဟော့​ဟော့ရမ်းရမ်းဆိုတာ မြင့်မြတ်​တို့မှာမရှိဘူး ”

“ကိုယ့်​အေဂျင်​စီ​အောက်​မှာ လာသင်​ရင်း ​အောင်​မြင်​သွားတဲ့သူ​တွေရှိတယ်​ ကျရှုံးသွားတဲ့လူ​တွေရှိတယ်​ ဘာမှဖြစ်​မလာတဲ့သူ​တွေရှိတယ်​ ဘယ်​သူပဲဖြစ်​ဖြစ်​ ကိုယ့်​အေဂျင်​စီ​ရောက်​လာရင်​ကိုယ့်​ကျောင်းသား ကိုယ့်သားသမီးဖြစ်​သွားတယ်​​လေ အဲဒီ့ထဲကမှတချို့တပည့်​တွေဆိုရင်​ ကိုယ့်ကိုမသိတတ်​တဲ့ အလိုက်​ကန်းဆိုးမသိတဲ့သူ​တွေရှိတယ်​​လေ ဒါကိုကျွန်​​တော့်အ​နေနဲ့လည်း သင်​​ပေးစရာမလိုဘူး​လေ ”

“စစ​တွေ့ချင်းက​တော့ ကျွန်​​တော်​လည်း​ဒေါသထွက်​သွားတယ်​ အ​ဖေကိုဒီလိုလုပ်​ရလား​ပေါ့ ကျွန်​​တော်​လည်းအလုပ်​ရှုပ်​​နေ​တော့ သူ့ကိုလည်းမဆက်​ဖြစ်​လိုက်​ဘူး ​နောက်​ကျ​တော့လည်း ​သြော်​မိသားစု​အ​ရေး ဒါမျိုး​တွေရှိမှာပဲ ကိုယ်​လည်းဝင်​ပါစရာမလိုဘူး​လေ ငယ်​ငယ်​ကတည်းက သူ​အေဂျင်​စီ​ရောက်​လာကတည်းက ခိုင်းတဲ့အတိုင်းလုပ်​တယ်​ စကားသိပ်​မ​ပြောဘူး အကသင်​တန်းတက်​ဆိုရင်​တက်​တယ်​ မ​ဟော်​ဂနီနဲ့တွဲရိုက်​ဆိုရင်​ရိုက်​တယ်​ ကလန်​ကဆန်​ထဲမှာမပါဘူး ”

“​ယောက်​ယက်​​တွေခက်​ ကလပ်​​တွေသွား ​သောက်​စား မိန်းမ​တွေရှုပ်​ ဒီလိုဟာ​တွေနဲ့ သူနဲ့ဘာမှမဆိုင်​ဘူး သူကအခုလည်းဂိမ်း​တော့​ကစားမှာပဲ မိန်းမလိုက်​စားတာ​တွေဘာ​တွေ​တော့ကျွန်​​တော်​မကြားမိဘူး ရိုက်​ကွင်း​နောက်​ကျတယ်​ဆိုတဲ့အသံကြားရ​ပေမယ့် ရိုက်​ကွင်း​ရောက်​ပြီဆိုတာနဲ့တစ်​ဆုံးလုပ်​တတ်​တဲ့ စိတ်​ဓာတ်​​လေး​တော့ရှိတာ​ပေါ့ ဒါ​ပေမဲ့ ဘယ်​လိုပဲဖြစ်​ဖြစ်​သူ့က​လေး​တွေရဲ့ဘဝကိုပါ ​ကောင်း​ကောင်းစီမံ​ပေးနိုင်​ရင်​​ကောင်းတာ​ပေါ့”

“အမှန်​​တော့သူငယ်​ချင်း​တွေနဲ့စုစုရုံးရုံး​သောက်​စား​နေတဲ့ Live ​တွေမြင်​ရင်​ကျွန်​​တော်​သိပ်​မကြိုက်​ဘူး ကိုယ်​ကမိသားစုနဲ့ဆို​တော့ ​အေး​အေးချမ်းချမ်းမိသားစုတည်​​ထောင်​​စေချင်​တယ်​ က​လေးဆိုတာကလည်း အသက်​ကြီးလာရင်​ ဘဝတိုးတက်​ဖို့အတွက်​ရှိတယ်​​လေ က​လေးငယ်​​သေး​တော့ မိသားစုကိုဂရုစိုက်​ဖို့​တောင်​​ပြောလိုက်​​သေးတယ်​” လို့ မြင့်မြတ်​နဲ့ပတ်​​ပြီး သူ့ရင်​ထဲရှိတဲ့အတိုင်းပွင့်ပွင့်လင်းလင်း​ဖြေဆိုခဲ့ပါတယ်​။

Shwe Yaung Myanmar ( Writer – LLA )