
( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )
ကိုဗစ်ကာကွယ်ရေးဆေးဝါးတွေလှူဒါန်းဖို့အတွက် ရည်ရွယ်ပြီး Burmese Street Boxing (BSB )ရဲ့ Celebrity Exhibition Fight Boxing သရုပ်ပြပွဲမှာ ပါဝင်အားဖြည့်မယ့် မိုးအောင်ရင်ကတော့ J Fire နဲ့ထိုးကြိတ်ဖို့ ပြင်ဆင်နေတဲ့အကြောင်းကို Myanmar Celebrity အင်တာဗျူးမှာ အခုလိုပဲ ဖြေဆိုထားပါတယ်။
“ဟိုအရင်တုန်းကလေ့ကျင့်ပေးတဲ့ဆရာတွေကနေဆက်သွယ်လာတာ ကျွန်တော်ကတော့ ဆရာရယ်ဘယ်လိုထိုးမှာလဲဆိုတော့ သရုပ်ပြပဲတဲ့ covid ကာကွယ်ဆေးလှူဖို့ရန်ပုံငွေလိုချင်တယ်ပေါ့ အဲဒီ့တော့ကိုယ်လည်းလှူချင်ပေမယ့် မတတ်နိုင်ဘူးလေ ကိုယ်လုပ်ပေးလိုက်တာလေးကြောင့် သူတို့ရန်ပုံငွေရသွားမယ်ဆိုရင်တော့ ကျွန်တော်လည်းလှူတဲ့သဘောပဲဆိုပြီး လက်ခံဖြစ်သွားတာ”
“သရုပ်ပြဆိုတဲ့သဘောမှာတော့ တကယ်ထိုးတာမဟုတ်ဘူးလို့ သတ်မှတ်တာပေါ့နော် သူ့ဘာသာသရုပ်ပြတယ်ပြောပြော ရုပ်ရှင်ရိုက်နေတာမဟုတ်တော့ ထိမိမှာတွေရှိတယ် နာကျင်ထိခိုက်မှာတွေရှိတယ် ဒါပေမဲ့ဒါတွေကိုကိုယ်သိရက်နဲ့လက်ခံထားတာပဲလေ လက်ဝှေ့ထိုးတာ ပန်းနဲ့ပေါက်နေတာမှမဟုတ်တာ ဒါကိုတော့အစောကြီးကတည်းကသိပြီးသားပါ”
“က်ိုယ်ကိုတ်ိုင်လည်းရူးရူးသွပ်သွပ်လေ့ကျင့်ဖူးတယ်ဆိုတော့ အဲဒီ့ကတည်းကဆရာတွေကလည်း စင်ပေါ်တတ်လို့ရပြီလို့မြှောက်ပေးကြတယ် လက်ဝှေ့ရုပ်ရှင်ဖြစ်ဖြစ်ရိုက်လိုက်တော့ပေါ့ အခုတော့အဲ့ဒါလေးအကောင်အထည်ဖော်လို့ရတယ်လို့ပြောရင်လည်းမမှားဘူးပေါ့ သူငယ်ချင်းတွေကလည်း အားပေးကြတယ် စိတ်ဝင်စားနေကြတယ်”
” စိတ်ပူတဲ့သူတွေရှိတာပေါ့ အဖေဆိုရင်လည်းစိတ်ပူတယ် ငါ့သား မင်းဘာလို့ဒါကြီးကိုလက်ခံလိုက်တာလဲပေါ့ အဖေကဒါမျိုးတွေအရမ်းစိတ်ပူတယ် မိဘ၂ပါးလုံးကစိတ်ပူတယ် အမေကလည်းရုပ်ရှင်မင်းသမီးလေသံနဲ့ ငါ့သားလေးရယ်ဆိုပြီးဖြစ်နေတာ အခုအင်္ဂလန်မှာရှိနေလို့ ဒီမှာသာဆိုရင်အပီအပြင်တားမှာသေချာတယ် ကျွန်တော်ကတော့ယောက်ျားပဲဗျာ ချမယ်ပေါ့”
“အခုမှစပြီးလေ့ကျင့်ရမှာ ကျွန်တော်ပျက်နေတာတော်တော်ကြာပြီ အလယ်မှာ body buliding လုပ်ချင်တော့ ဒါကဝိတ်ကျစေတော့ရပ်လိုက်ရတာပေါ့ အဲဒီ့တော့မဆော့ဖြစ်ဘူး အခုကလိုအပ်လာပြီလေ စင်ပေါ်မှာ၂ယောက်ထဲတွေ့မှထွက်ပြေးလို့မရဘူးလေ ”
“တစ်ဖက်က J Fire လေ သူကအဆိုတော် ကျွန်တော်ကသရုပ်ဆောင်ဆိုတော့ နည်းနည်းအလှမ်းဝေးနေသေးတာပေါ့နော် ဘယ်လိုဖြစ်လာမလဲတော့မသိဘူး သူနဲ့တော့ဒါပထမဆုံးဆုံဖူးတာပေါ့ အဲဒီ့တော့ အကောင်းဆုံးဖြစ်စေဖို့ပဲဆုတောင်းတယ် အခုတော့ ကိုယ်အဆင်ပြေတဲ့ Gym မှာ ကိုယ်ဆော့နေကြတာပေါ့ ပြီးတော့မှ သူလာJoinမလား မသိဘူးပေါ့” လို့ဖြေဆိုထားတာပါ။
မိုးအောင်ရင်ကတော့ စင်ပေါ်တတ်ရမှာကို စိတ်ကျေနပ်မှုရှိလားဆိုတဲ့မေးခွန်းကို ” ကျေနပ်မှုရှိပါ့မလားဗျာ ကြောက်တာပေါ့ ခုနက လေ့ကျင့်မယ်ဆိုတုန်းကတောင် ခဏလေးကြောက်သေးပေါက်လိုက်ဦးမယ်ဆိုပြီး အိမ်သာထဲရောက်သွားသေးတယ် ငါတလွဲဖြစ်ရင် ငါခံရမှာပဲဆိုပြီး ကြောက်စိတ်တော့ရှိမှာပဲ”
“ဂိမ်းဆော့ရင်လည်း နိုင်ချင်လို့ဆော့တာပဲလေ သူရယ်ကိုယ်ရယ်အပြိုင်ဆော့ရမှာကတော့ အပြင်မှာ သွေးထွက်သံယိုမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းတယ် စင်ပေါ်ထိုးတာတွေကြည့်ရင် သူတို့အရမ်းလျှင်တယ် ကိုယ့်ဆီထိုးတာမြင်ရင်ရှောင်လိုက်တယ် အားနည်းချက်ကိုရှာတယ် ဒါတွေက ကျွန်တော်အရင်လေ့ကျင့်တာမျိုးနဲ့တောင် ရမှာမဟုတ်ဘူး မလေ့ကျင့်ခဲ့တာက ထိခိုက်ရှနာဖြစ်မှာစိုးလို့ပေါ့ အခုကျတော့ဒီမှာမလေ့ကျင့်ရင် ဟိုမှာထိရင်ပိုဆိုးမယ်ဆိုတော့ ဒီတစ်ခါသေချာလုပ်ရမယ် မကွဲအောင်ပေါ့”
ကိုဗစ်ရန်ပုံငွေအတွက် အနုပညာရှင်တွေပါ ပါဝင်အားဖြည့်ထားမယ့် ဒီပွဲကိုတော့ စပွန်ဆာကိစ္စနဲ့ ရက်အတိအကျညှိလို့မရသေးပေမယ့် နောက်လဆန်းလောက်မှာ ကျင်းပသွားမယ်လို့သိရပါတယ်။
မိုးအောင်ရင်ကတော့ သူ့ကိုစိတ်ပူနေမယ့်ပရိသတ်အတွက်
“အားလုံးစိတ်မပူကြပါနဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားပါမယ် နိုင်စေချင်သူတွေအတွက်လည်း န်ိုင်အောင်လေ့ကျင့်ပေးပါမယ်” လို့ ဆိုထားပါတယ်။
Shwe Yaung Myanmar ( Writer – LLA )