
( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )
ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မေသဉ္ဇာဦးကတော့ ပရိသတ်နဲ့အဆက်မပြတ်သွားအောင် အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေသူတစ်ဦးပါ။ မေသဉ္ဇာဦးကတော့ အခုနစ်ခေါက် ပေါ်ပြူလာဂျာနယ်နဲ့အင်တာဗျူးမှာ အမျိုးသားကအရမ်းအေးတော့ အိမ်ထောင်ရေးစိတ်အေးရတယ်လို့ ဆိုလာပါတယ်။
“အမျိုးသားနဲ့ပုံတွေတင်ဖြစ်တယ်ဆိုတာက ကိုယ်တွေက သူများတွေကလိကလိဖြစ်အောင်လုပ်ရတာ ဝါသနာပါလို့ပါ မနာလိုဖြစ်အောင်လုပ်တတ်တယ် ကလေးတွေကိုစတာပါ ဖေဖော်ဝါရီရောက်ရင် နယ်မှာဆို ဦးဇော်ဝတ်တာကြည့်ပြီး လိုက်ဝတ်ပေါ့ သမီးတို့တွေ့လား တို့တွေက ဒီလိုမျိုးပေါ့ စတာပေါ့”
“၉၄ ကယူတာပေါ့ အိမ်ထောက်သက်တမ်း၂၆နှစ်လားပဲ အိမ်ကပေးစားလို့ယူတာမဟုတ်ဘူးလေ ချစ်လို့ယူတာဆိုတော့ ကလေးလေးတွမွေးတယ် ချစ်တယ် အခုထိလည်းအဆင်ပြေတယ်ပေါ့ တစ်ယောက်နဲ့တစ်ယောက်ရန်ရှာတာတို့ဘာတို့မရှိဘူးလေ ကိုယ်ချည်းပဲအသံထွက်ပြီး သူကမထွက်တော့ ပျင်းတယ်လေ ရန်မဖြစ်တော့ဘူးပေါ့” လို့ ရယ်မောရင်းပြောဆိုခဲ့ပါတယ်။
ကိုဗစ်ဖြစ်ချိန် မိသားစုတကွဲတပြားဖြစ်သွားပုံနဲ့ပတ်သတ်ပြီး
“သြဂုတ် ၂၃ ကတည်းက ပုပ္ပားရောက်နေပြီး ကိုဗစ်နဲ့တိုးတော့ အဲဒီ့မှာပဲရိုက်ဖြစ်နေတာ မိသားစုလည်းမပါဘူး မိတ်ကပ်ဆရာနဲ့ပဲပေါ့ အစကသားကြီးနဲ့အမျိုးသားလိုက်လာသေးတယ် သူတို့ပြန်သွားတာပေါ့ မိသားစုသုံးယောက်က ကိုဗစ်မှာ ၃နေရာကွဲနေတာ အခုမှပြန်စုစည်းမိတာ”
“ကိုယ်တွေကစုပြီးစကားပြောကြ အဲ့ဒီလိုနေတာမဟုတ်တော့ ခွဲနေရတော့လည်း ဘယ်လိုမှမဖြစ်ပါဘူး ဖုန်းတွေနဲ့တွေ့ပြီးပြောနေကြတော့ ဒီလိုပါပဲ တွေ့နေသိနေရတာပဲ အတူတူနေရသလိုပါပဲ”လို့ဆိုပါတယ်။
မေသဉ္ဇာဦးကတော့ “ကိုယ်ကတော့ပျော်စရာပဲတွေးတယ် နာစရာတွေမတွေးဘဲ ပျော်ပျော်ဘဲဖြတ်သန်းတယ် နာစရာတွေမခံယူထားဘူး စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့လိုရာပန်းတိုင်ကိုအောင်မြင်စွာဖြတ်သန်းနိုင်ပါစေ” လို့ ပရိသတ်အတွက်လည်းဆုတောင်းပေးထားပါတယ်။
Shwe Yaung Myanmar ( Writer – LLA )