
( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )
နာမည်ကျော် ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ဦးခင်လှိုင်ကတော့ သမီးဖြစ်သူရဲ့ Double Dating ပရိုဂရမ်လေးကို အဖေဆိုတော့ ရှက်လို့မကြည့်ဖြစ်ဘူးလို့ Popular Journal နဲ့အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။
“Double Dating ကတော့ သူတို့အခက်အခဲကြားကရိုက်ရတာပါ ကလေးတွေစုပြီး သူတို့လှုပ်ရှားမှုလေးလုပ်ကြတယ်ပေါ့ ငွေရေးကြေးရေးကြောင့်လည်းမဟုတ်ဘူး 7 sense ကတော့ တောက်လျှောက်ပံ့ပိုးပေးတယ်ပေါ့ ဖြူစင်လင်းနဲ့သဲလေးနဲ့တိုင်ပင်ပြီးလုပ်ကြတာပေါ့ ပရိသတ်တွေအားပေးတော့သူတို့လည်းပျော်တာပေါ့ အခုတော့အောင်မြင်သွားတယ်ပေါ့”
“သူတို့က အတွဲအစစ်တွေမဟုတ်ဘဲ အတွဲပုံစံလုပ်ကြတာဆိုတော့ ကလေးတွေလုပ်နေတာတွေက ချစ်စရာကောင်းပြီးပျော်စရာကောင်းပါတယ် အဖေဆိုတော့လည်းရှက်တော့မကြည့်ဖြစ်ဘူးပေါ့ သူတို့ကိုအရမ်းချစ်ပြီး အရမ်းအားပေးကြတာတွေ့ရတော့ ဝမ်းသာပါတယ်”
ကိုဗစ်ကာလ ရိုက်ကူးရေးနားထားရတဲ့အကြောင်းလေးကိုတော့ “ရိုက်ကူးရေးကတော့ ဘာမှမရှိသလောက်နားထားရတာ မတ္တရာမှာဆိုးပေကားသွားရိုက်တုန်း ဒုတိယလှိုင်းစလာတော့ တော်တော်ဒုက္ခရောက်သွားတယ် ဒါပေမဲ့ အဲဒီ့ကမြို့ခံတွေရွာခံတွေက တော်တော်ကောင်းကြတယ် သူတို့ရွာလေးကိုLockdown လုပ်ပြီး ကားပြီးအောင်ရိုက်ခွင့်ပေးကြတယ် အခုဒီနေ့ကြော်ငြာရိုက်ဖြစ်တယ်ပေါ့” လို့ပြောပြခဲ့ပါတယ်။
ဦးခင်လှိုင်ကတော့ ကိုဗစ်ကာကွယ်ရေးဆေးတွေမြန်မြန်ရောက်စေချင်တဲ့အကြောင်းလေးကို “ကိုဗစ်ကာကွယ်ရေး မြန်မြန်ရောက်ပြီး မိသားစုဝမ်းရေးအတွက် မြန်မြန်လှုပ်ရှားနိုင်ရင်တော့ ရတာပေါ့ ၂၀၂၁ကတော့ ၂၀၂၀လိုသောကမရောက်ပဲ ကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့ဆုတောင်းပေးပါတယ်” လို့ဆိုထားပါတယ်။
Shwe Yaung Myanmar ( Writer – LLA )