ကျနော်နဲ့ မ နဲ့ အမြဲတမ်းပြောဖြစ်ပါတယ်၊ မဖြူက ကလေးလေး လိုပဲ ဆိုတဲ့ ကျော်ထက်အောင်

( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )

၂၀၂၁ ရဲ့ နှစ်​အစပိုင်းမှာ အတွဲပုံ​လေးနဲ့ရိုလာပြီး ပရိသတ်​ကိုအံ့အားသင့်​စေခဲ့တဲ့ ​ကျော်​ထက်​​အောင်​က​တော့ သူတို့၂​ယောက်​အ​ခြေအ​နေကို Popular Journal က အင်​တာဗျူး​လေးထဲမှာ အခုလိုပဲ ​ဖြေဆိုခဲ့ပါတယ်​။



“မဖြူနဲ့အတွဲပုံတင်​တာက အ​ဖြေကပါပြီးပြီလေ ကိုယ်​​တွေ၂​ယောက်​ရဲ့ဇာတ်​​ကောင်​က ဒစ်​ဂျစ်​တယ်​ Platform ​ပေါ်မှာ ကာရိုက်​တာ​တွေဝင်​နေတယ်​ဆို​တော့ မကြာခင်​အ​ဖြေထွက်​​တော့မှာပါ မဖြူအ​မေက​တောင်​​မေးယူရတယ်​တဲ့ နင်​တို့ဘယ်​လိုလဲ​ပေါ့ ”



“ကျွန်​​တော်​တို့ကဒီတစ်​ခုမတိုင်​ခင်​မှာ သဝန်​တိုတာချစ်​လို့ဆိုတဲ့ music video လည်းရိုက်​ထား​တော့ ပုံ​တွေလည်းတက်​​နေ​တော့ မပန်​က​တောင်​ ​မောင်​​လေးလိမ္မာ​နော်​ မဖြူကရိုးသားတယ်​တဲ့ အဲ့လိုလာ​ပြောတာ အစ်​မ​ရေဆိုပြီး သူ့ကိုပြန်​ရှင်းပြရတယ်​”



“ကိုယ်​က​တော့အိုက်​တင်​ပိုင်းကလာ​တော့ မျက်​လုံး​တွေကအစပါ​အောင်​ဆွဲ​ခေါ်ရတာ​ပေါ့ ပိုပီပြင်​​အောင်​ဖန်​တီးရတာ​ပေါ့”



“သူများမိုး​ခါး​ရေ​သောက်​တိုင်းမ​သောက်​တဲ့အထဲမှာ မဖြူပါတာ​ပေါ့ ကျွန်​​တော်​နဲ့အစ်​မနဲ့​ပြောဖြစ်တယ်​ other planet ကလာတာ​ပေါ့ ​တွေး​ခေါ်ယူဆချက်​​တွေကကွဲပြားတယ်​ ရိုးရိုး​တွေးတာမဟုတ်​ဘဲ upgradeဖြစ်​တယ်​ အဆင့်အတန်းမြင့်တယ်​ ကိုယ်​က​ယောက်ျား​လေး​ပေမယ့် တုံ့ဆိုင်း​နေတာ​တွေရှိတယ်​ သူက​တော့​ပြောရဲတယ်​ လုပ်​ချသွားတာပဲ”



“မဖြူကသူအလုပ်​သူလုပ်​​နေချိန်​ အင်​တာဗျူး​ဖြေ​နေချိန်​ဆို​ရင်​ခြ​င်္သေ့တစ်​​ကောင်​လိုပဲ အပြင်​မှာဆိုရင်​ ပူစီ​လေးဖြစ်​သွားတယ်​ က​လေး​လေးလိုပဲ သူ့ကိုမညိုသမီးအကြီးဆုံးလို့စတယ်​ မညိုကြားရင်​​တော့စိတ်​ဆိုးမှာပဲ”



“လွန်​ခဲ့တဲ့၁၀နှစ်​ ​လေဆာ​ကြော်​ငြာမှာစရိုက်​ဖူးတာ ကျွန်​​တော်​က freelence MC ​ပေါ့ Idol မှာမှ ခင်​သွားတာ ​အခု​နောက်​ပိုင်း idea ဖလှယ်​တာ​ပေါ့ မဖြူက​တော့ ကျွန်​​တော့်အိုင်​ဒီယာကို​လေးစားတယ်​ ဓာတ်​ပုံရိုက်​​နေသူက ကိုယ်​ဖီးလာ​နေမှရိုက်​ချင်​မှာ​ပေါ့” လို့ ​ဖြေဆိုသွားခဲ့ပြီး


“ဓာတ်​ပုံ​တွေရဲ့​နောက်​ကွယ်​က result ထွက်​လာရင်​​တော့ ​သြော်​ဆိုပြီးဖြစ်​သွားမှာပါ”လိုလည်း ပရိသတ်​ကို ​မျှော်​လင့်ချက်​​ပေးထားပါ​သေးတယ်​။

Shwe Yaung Myanmar ( Writer – LLA )