ထိုင်းရဲအရာရှိ အာမခံရသွား

ထိုင်းရဲအရာရှိ အာမခံရသွား

အချုပ်ကျ မြန်မာအမျိုးသမီးကို လက်ထိပ်ခတ် အဓမ္မပြုကျင့်တဲ့ ထိုင်းရဲအရာရှိ ဘတ်ငွေလေးသိန်းဖြင့် အာမခံရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းလုပ်သား များကို ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းအခြေစိုက်မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေး ကော်မတီ AAC က ဦးရဲမင်းကပြောကြားလိုက်ပါတယ်။



ဦးရဲမင်းက “ အချုပ်ခန်းထဲက မြန်မာမိန်းခလေးကို မုဒိမ်းကျင့်ဖို့ ထိုင်းရဲက လာခေါ်တာကို CCTV မှတ်တမ်းကသက်သေဖြစ်သလို သူမကို ထိုင်းရဲက 13-1-2021ရက်နေ့ နံနက်အစောပိုင်း ၂ နာရီခန့်မှာ အချုပ်ခန်းတံခါးဖွင့်ပြီး လာခေါ်ထုတ်ကာ ပြုကျင့်ပြီးတော့လက်ထိပ်ခတ်လျှက်နဲ့ အချုပ်ခန်းထဲကို လာပြန်ပို့တာ ဘေးအခန်းမှ မြန်မာနိုင်ငံ သားအချုပ်ကျသူတွေ အားလုံးသက်သေရှိနေပါတယ်” လို့ လူမှုကွန်ယက်မှ တစ်ဆင့်ပြောကြားထားပါတယ်။



လက်ရှိမှာတော့ မြန်မာမိန်းခလေးကို လက်ထိပ်ခတ်ပြီး အဓမ္မပြုကျင့်တဲ့ ထိုင်းရဲအရာရှိ ဘတ်ငွေလေးသိန်း ဖြင့် အာမခံရရှိသွားပြီးဖြစ်ကာ မြန်မာ သံရုံးမှ အမှုလိုက် ရန်အမြန် လို အပ် နေတယ်လို့ ဆိုပါတယ်။



ဦးရဲမင်းက “ ထောင်က လွတ်ပြီး မြန်မာပြည်ပြန်ပို့ရန် ရဲစခန်းအချုပ်ခန်းထဲ ထိုင်းလဝကမှ ခေတ္တပို့ထားတဲ့အသက်(၂၁)နှစ်အရွယ် မြန်မာအမျိုးသမီးလေး”မမို့”ကို ရဲစခန်း ညဘက်တာဝန်ကျသူ ထိုင်းရဲအရာရှိက အချုပ်ခန်းထဲကနေ ခေါ်ထုတ် အတင်းအဓမ္မမုဒိမ်း



ကျင့် အနိုင်ကျင့်စော်ကားလိုက်တဲ့ ရဲစခန်းနေရာကထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေ့ကျွန်းပေါ်က ဘိုဖတ်ရဲစခန်းအတွင်းက အမှုစစ်ရဲအရာရှိတွေ အမှုစစ်ဆေးတဲ့ အခန်းထဲမှာပါ။AAC အမာခံများက ဧည့်တွေ့ချိန် နစ်နာသူကာယကံရှင်မိန်းခလေးနဲ့ တွေ့ဆုံပြီးဖြစ်စဉ်အမှန်တွေကို ပြောပြပါတယ်။ထိုင်းအမျိုးသမီးတစ်ဦးကလည်း အချုပ်ခန်း ရှေ့လာပြီး အမှုပိတ်ဖို့ လက်မှတ်ထိုးခိုင်းပြီး ဘတ်(၅)သောင်းနဲ့ လာညှိပါသေးတယ် တဲ့….AAC မှ အမှန်တရားပေါ်ပေါက်ဖို့ စောင့်ကြည့်နေပါတယ်” လို့ ဆိုပါတယ်။

Credit MyanmaPlatform