Pfizer ကိုဗစ် ကာကွယ်ဆေး ထိုးပြီး လူ ၂၃ ဦး သေဆုံး

နော်ဝေနိုင်ငံတွင် BioNTec/Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးပြီးနောက် ဇန်နဝါရီလ ၁၄ ရက်နေ့က သက်ကြီးရွယ်အို ၂၃ ဦးသေဆုံးသွားခဲ့သည်။


သေဆုံးသူအားလုံးသည် အသက် ၈၀ ကျော်များဖြစ်ကြပြီး ယင်းတို့အနက် အချို့မှာ အသက် ၉၀ ကျော်သူများ ဖြစ်သည်ဟု နော်ဝေမီဒီယာ NRK က သတင်းပေးပို့သည်။


နော်ဝေနိုင်ငံတွင် ဒီဇင်ဘာလကုန်မှစပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများကို လူများအားထိုးနှံပေးနေ သည်။ BioNTec/Pfizer နှင့် moderna ဆေးနှစ်မျိုးကို အသုံးပြုကာ သက်ကြီးရွယ်အိုများနှင့် ဘိုးဘွားရိပ်သာတွင် နေထိုင်သူများကို ဦးစားပေးထိုးနှံပေးလျက်ရှိသည်။



သေဆုံးသူမှာ Pfizer ဆေးထိုးနှံပေးပြီးနောက် သေဆုံးခြင်းဖြစ်ရာ ဆေးကြောင့်သေဆုံးရသည် သို့မဟုတ် တဦးချင်း၏ ရောဂါအခံများကြောင့် သေဆုံးရသည်ကို မသိရပေ။နော်ဝေဆေးဝါးဆိုင်ရာ အေဂျင်စီက “အသက် ၈၅ နှစ်အထက် လူအချို့ကို ဆေးထိုးနှံပေးတာပါ။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးများကို မသိရဘူး။ အသက် ၆၅ နှစ်အထက် လူတွေမှာ အလားတူ ဘေးထွက်ဆိုးကျိုးများရှိနိုင်ကြောင်း ယူဆပါတယ်”ဟု ပြောသည်။

Ref:(Global Times)