အစ်ကိုက မထင်မှတ်တဲ့အချိန် ထထရို တတ်တော့ ရှက်ရှက်သွားတယ်လို့ ပြောပြလာတဲ့ သရုပ်ဆောင် ယွန်းယွန်း

( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )

လတ်​တ​လောမှာ Double Dating ပရိုဂရမ်​​လေးနဲ့ ပရိသတ်​အချစ်​ကိုတဝကြီးခံယူ​နေရတဲ့ယွန်းယွန်းက​တော့ တွဲဖက်​ရိုက်​ကူးရတဲ့ ​အစ်​ကိုကမထင်​ရင်​မထင်​သလိုထထရို​တော့ အဲ့ဒီလိုအချိန်​မှာ​တော့ရှက်​တာ​ပေါ့ လို့ Myanmar Celebrity နဲ့ အင်​တာဗျူးမှာအခုလိုပဲ​ဖြေဆိုထားပါတယ်​။



“Double Dating စရိုက်​တုန်းက ပရိသတ်​​တွေဒီ​လောက်​ပါလာမယ်​မထင်​ထားဘူး episode 1 ; 2 ​လောက်​မှာ မြင်​​နေကျပရိုဂရမ်​မဟုတ်​​တော့စိတ်​ဝင်​စားကြတယ်​ ကွန်​မန့်​လေး​တွေကလည်းချစ်​ဖို့​ကောင်းတယ်​ အဲဒါနဲ့ဆက်​ရိုက်​ဖြစ်​တာ​ပေါ့ အခုဆို ပရိုဂရမ်​အပြင်​ကို series ​လေး​တွေနဲ့ရိုက်​သွားဖို့ရှိပါတယ်​”



“ရိုက်​​နေရင်းရှက်​တာ​ပေါ့ တွဲရိုက်​ရတဲ့အစ်​ကိုက အသက်​ကြီးတယ်​​လေ သဲနဲ့ကိုစည်​သူဝင်းနဲ့က ​လေး ငါး နှစ်​ပဲကွာ​တော့ သူငယ်​ချင်း​ပေါင်း​ပေါင်းလို့ရတယ်​ ယွန်းနဲ့ကို​အောင်​မင်းခန့်နဲ့ကျ​တော့ ပိုကွာတယ်​​လေ အစ်​ကိုကမထင်​ရင်​မထင်​သလိုထထရို​တော့ဆို အဲ့ဒီလိုအချိန်​မှာ​တော့ရှက်​တာ​ပေါ့”



“အစက​တော့ဒါ ယွန်းနဲ့သဇင်​ထူးမြင့်အိုင်​ဒီယာ​ပေါ့ Double Dating Photoshoot လုပ်​မယ်​​ပြောဖြစ်​ရာက​နေ မဖြူစင်​လင်းနဲ့​ပြော​ဖြစ်​​တော့ တစ်​ရက်​ပရိုဂရမ်​ဖြစ်​သွားတာ​ပေါ့ ဒီ​တော့​ရွေးမယ်​ဆို​တော့ ၂​ယောက်​လုံးက ကိုကြီးType ​တွေ​လေ အဲဒီ့​တော့ အပြင်​မှာလည်းကိုစည်​သူဝင်းနဲ့ကို​အောင်​မင်းခန့်နဲ့ကသူငယ်​ချင်း​လေ အဲဒီ့​တော့ ၂ဖက်​လုံးကသူငယ်​ချင်း​တွေဆို​ကောင်းမယ်​ဆိုပြီး ဖြစ်​သွားတာပါ”



“ကို​အောင်​မင်းခန့်ကလည်းပွင့်ပွင့်လင်းလင်းရှိတယ်​ ​ပျော်​​ပျော်​​နေတတ်​တယ်​ အဲဒီ့​တော့သူ့ပတ်​ဝန်းကျင်​က ​ရှိန်​ရှိန်​ကြီးဖြစ်​မ​နေဘူး စကားဝိုင်းကလည်းသူမရှိရင်​လည်းသိသာတယ်​ သူရှိရင်​လည်းသိသာတယ်​​ပေါ့​နော်​ အပြင်​မှာလည်း ယွန်းတို့ကိုအငယ်​အ​နေနဲ့တွဲ​ခေါ်​ပေးတယ်​​ပေါ့ စ​တွေ့ကတည်းက dateရ​တာ​တောင်​ ရှိန်​ရှိန်​ကြီးမဖြစ်​​နေ​အောင်​သူကတွဲ​ခေါ်​ပေးတယ်​​ပေါ့”



“နှစ်​​ယောက်​မှာ တစ်​​ယောက်​ကရည်းစားရှိ​နေရင်​​တော့ ဒါကိုအနုပညာလို့ပဲမြင်​ရင်​​တော့ဆင်​​ပြေတာ​ပေါ့ personal ​တွေပါလာရင်​​တော့အဆင်​မ​ပြေဘူး လူ​တွေကလည်း တွဲပြီးတအား အား​ပေးတယ်​ Page ​တွေ group ​တွေ​ထောင်​ပြီးအား​ပေးကြတယ်​​ပေါ့ video​တွေလည်း ကြည့်သူမီလီယံ​ကျော်​တယ်​ အရမ်း​ပျော်​တာ​ပေါ့​နော်​”



“အမှတ်​တရ​တွေက​တော့ အကုန်​လုံး first time ဆို​တော့အမှတ်​တရ​တွေချည်းပဲ ၄​ယောက်​လုံးအရမ်းရင်းနှီးသွား​တော့ ​တွေ့ရင်​အရမ်း​ပျော်​ဖို့​ကောင်းတယ်​ အဓိကက​တော့ကိုသိန်းလင်းစိုး​ပေါ့​နော်​ သူကလည်း က​လေးထိန်းတဲ့ပုံနဲ့ သူ့ရဲ့အဆို​တော်​ဆို​တဲ့ image ​တောင်​မ​ထောက်​ပဲ support လုပ်​​ပေးတယ်​”



“ကိုသိန်းက​တော်​​တော်​ချစ်​ဖို့​ကောင်းတယ်​ ပရိုဂရမ်​​တွေမှာရိုတဲ့အပြင်​ group chat ​တွေမှာရိုကြ​တော့ သူက ဘုန်းကြီးပုံ​တွေပို့တယ်​ ဘုန်းကြီးဝတ်​​တော့မယ်​ဆိုပြီး​တော့”



“ယွန်းကလည်း​ပျော်​​ပျော်​​နေတဲ့သူ gentleman ဖြစ်​သူကိုကြိုက်​တယ်​​ပေါ့ ယွန်းတကယ်​ထားဖြစ်​ရင်​ ဒီလိုပုံစံပဲထားမယ်​​ပေါ့”



“ပရိသတ်​​တွေရဲ့ feedback ​တွေ အစ်​ကို​တွေရဲ့အိုင်​ဒီယာ​တွေနဲ့ ထပ်​ပြီးရိုက်​သွားဖို့ရှိပါတယ်​ မြန်​မာနိုင်​ငံရဲ့​နေရာ​ဒေသ​တွေကိုလိုက်​​လေ့လာပုံ​တွေလည်းရိုက်​မယ်​ fan ​တွေကလည်း meeting လုပ်​​ပေးဖို့​ပြောထားတယ်​ ယွန်းတို့အတွဲတင်​မကဘူး အနုပညာရှင်​စုံတွဲ​တွေပဲဖြစ်​ဖြစ်​ guest ​တွေအ​နေနဲ့ပဲဖြစ်​ဖြစ်​တွဲရိုက်​သွားဖို့လည်းရှိပါတယ်​”



“သဲသဲနဲ့က စတွဲတုန်းက group လိုက်​​ပေါ့​နော်​ အစက​တော့ production ​တွေနဲ့လိုက်​လုပ်​ရင်း date ကြတယ်​ dateကြရင်းနဲ့ ငါတို့အတွဲရရင်​လည်း ဒီလိုdateမယ်​ဆိုပြီးလုပ်​ကြတာ”



“ယွန်းက​တော့တကယ့်စုံတွဲ​တွေကို guest ​တွေကို​ခေါ်ချင်​တယ်​ သူတို့ဆီကလည်းအတုယူရတာ​ပေါ့ အစက​တော့စိုးရိမ်​တယ်​ ယွန်း​ရောသဲ​ရောက ဇာတ်​ကားကြီး​တွေမရိုက်​ဖူး​သေးတဲ့အတွက်​ မင်းသား​တွေနဲ့တွဲတာကိုပရိသတ်​ကကြိုက်​ပါ့မလား​ပေါ့ အခု​တော့တအားship ​ပေး​ကျ​တော့လက်​​တွေ့ဘဝမှာ ဖြစ်​ခဲ့တာ​တွေ​တော့ရှိတယ်​ ဒါ​ပေမဲ့ ယွန်းတို့က​တော့ဖြစ်​သွားမယ်​လို့မ​ပြောနိုင်​ဘူး​လေ ဒါ​ပေမဲ့ ယွန်းတို့ပြတဲ့အနုပညာ​လေး​တွေကို အနုပညာလိုခံစား​ပေးပါ” လို့ ယွန်းယွန်းက​တော့​ ပရိသတ်​ကို​တောင်းဆိုထားပြီး



“ဒီဟာ​လေးကိုပရိသတ်​စိတ်​ဝင်​စား​နေ​အောင်​ ကြိုးစားသွားပါမယ်​”လိုလည်း ဆိုထားပါ​သေးတယ်​။

Shwe Yaung Myanmar ( Writer – LLA )