
( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )
သရုပ်ဆောင်ချမ်းချမ်းကတော့ လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ ဘဝအဆက်ဆက်ဆိုတဲ့သီချင်းလေးကို ဖေဖော်ဝါရီ ၅ရက်ထွက်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။
ခင်ပွန်းရှိတဲ့နိုင်ငံကိုသွားတော့မယ်ဆိုတဲ့ချမ်းချမ်းကတော့ Pannpwint နဲ့အင်တာဗျူးမှာ ဗင်းနစ်သွားဖို့စီစဉ်နေပုံလေးကို အခုလိုပဲဖြေဆိုခဲ့ပါတယ်။
“ပထမကတော့ အစ်မ ဗင်းနစ်ကိုတိုက်ရိုက်ပေါ့ သွားမလို့ အခု ဗင်းနစ်လေဆိပ်ကပိတ်ထားလိုက်ပြီဆိုတော့ မီလန်ကနေ ကားပြန်စီးရမှာပေါ့ အားလုံးလေးဆင့်ဖြစ်သွားတော့ ၂ရက်ခွဲလောက်ကြာမယ် ဒီလ ၂၅ထွက်ရမယ် ဟိုမှာကွာရန်တင်း၂ပတ်ဝင်ရမယ် home stay ပဲပေါ့ ၁၄ရက်ဝင်ပြီးရင် ဆရာဝန်ရှာမယ်ပြမယ် ဟိုမှာတော့ကလေးအတွက်ပစ္စည်းတွေရောအကုန်စီစဉ်ထားပြီးပြီ ”
“ဟိုမှာသတိထားရမှာကတော့ဆက်ဆံရေးပေါ့ နှင်းတွေက ဒူးလောက်ပေါင်လောက်ကိုဖြစ်နေတယ်လေ အဲ့ဒါလေးတစ်ခုကို ပြင်ဆင်သွားရမယ်ပေါ့ ရာသီဥတုကြောင့်အပူအအေးမမျှလို့ အပူကန်တာတွေ ဘာတွေမဖြစ်အောင်”
“မွေးခါနီးကြိုသွားရတာကတော့ လေယာဉ်စီးလို့မရမှာစိုးလို့ကြိုသွားရတာ အစ်မကမွေးခါနီးကပ်မှသွားချင်တာ ဟိုမှာ ကွာရင်တင်းဝင်ရဦးမှာနဲ့ ကိုယ်ဝန်၃၂ပတ်ဆို လေယာဉ်မစီးရဘူးလေ အဲ့ဒါကြောင့်ကြိုသွားတာ ၂လလောက်ကြိုသွားတာ မွေးပြီး၂လလောက်နေမယ်ဆိုတော့ ဇွန်လောက်ပြန်ရောက်မှာပါ”
“ဂင်္ဂါလေးကတော့ပြင်ဆင်နေပြီ အရုပ်တွေစစုနေပြီ ဒါကညီမလေးအတွက်ဆိုပြီး တစ်ချို့ဆိုရင် ကိုယ်ကသင်ထားတယ် အရုပ်တွေဈေးကြီးတယ် ဆေးမခြယ်နဲ့ သမီးမဆော့ရင် ညီမလေးကိုပေးပေါ့ အခုဆိုသူကဘာလုပ်လုပ်ညီမလေးအတွက်ဆိုတော့ သူ့မေတ္တာတွေ့ရတော့အရမ်းစိတ်ချမ်းသာစရာကောင်းတယ်”
“ပထမကိုယ်ဝန်နဲ့ ဒုတိယကိုယ်ဝန်ခံစားချက်ကအတူတူပဲ ဂင်္ဂါတုန်းကလည်း City FM ပွဲကိုကိုယ်ဝန်နဲ့ဆိုတယ် music video ရိုက်တဲ့အမှတ်တရတွေလည်းရှိတယ် ဒီသမီးလေးလည်းအတူတူပဲ သူတို့ကံကိုက အနုပညာနဲ့ကံစပ်တယ်ပေါ့”
“သမီးလေးတွေက မိန်းကလေးတွေဆိုတော့ ဂင်္ဂါလေးနဲ့ဟင်္သာလေးပေါ့ အဲ့ဒီလိုလေးစဉ်းစားနေတယ် ဒါပေမဲ့ အတိတ်နမိတ်နဲ့တွက်ရင် တိရစ္ဆာန်ထက်ဖြစ်နေတယ်ပေါ့ confirm တော့မဖြစ်သေးပါဘူး”
“ကိုယ်ဝန်စရကာစက မပြင်မဆင်နေတာ သူများတွေကတော့ အသားအရည်လှလာတယ်ပြောတယ် အစ်မကဝိတ်မတက်တော့အပေါ်ပိုင်းကြည့်ရင်ကိုယ်ဝန်ရှိတယ်မထင်ရဘူး သူများတွေဆို ပွဲလာငှားကြတယ် ကိုယ့်ဟာကိုယ် က်ိုယ်ဝန်ရှိတယ်မခံစားရဘူး အရမ်းပေါ့ပါးနေတယ်”
“အမျိုးသားဆိုရင် မျက်စိကိုနောက်နေတာပဲတဲ့ ကိုယ်ကလည်းအပြင်လူမဝင်ရတော့ သန့်ရှင်းရေးလည်းကိုယ်ပဲလုပ်ဖြစ်တယ် အခုတော့အမေတို့လာကူတယ် ကိုယ်ဝန်ရင့်တော့ပိုသိသာတယ်လေ ခါးတွေ ကျောတွေအောင့်တာ ”
“အစကတော့ စိတ်ဖိအားတွေ စိတ်ပူတာတွေများတယ်လေ အခုဒီအမျိုးသားနဲ့တွေ့တော့ အနုတ်လက္ခဏာတွေကို သူကအပေါင်းလက္ခဏာဖြစ်အောင်ရှင်းပြတယ် နေရတဲ့အချိန်မှာအရှိကိုအရှိအတိုင်းလက်ခံ ဒါဆိုနင်နေပျော်လိမ့်မယ် ငါ့ကိုဘာလို့ထားခဲ့တာလဲ ငါဘာမှားလို့လဲတွေမတွေးနဲ့ ကိုယ့်ဘာသာကိုယ်ပဲနေပျော်အောင်နေပေါ့ အဲ့ဒါဆိုနင်စိတ်ချမ်းသာရမယ်လို့အကြံပေးတော့ နေသားကျသွားပြီ” လို့ဆိုခဲ့ပါတယ်။
ချမ်းချမ်းကတော့ ပရိသတ်ကြီးအတွက် နှစ်သစ်ဆုတောင်းအနေနဲ့”အစ်မကိုချစ်တဲ့သူရော မချစ်တဲ့သူကိုရောအစ်မမေတ္တာထားပါတယ် ဒီနှစ်သစ်ကစလို့ကျန်းမာချမ်းသာပါစေ” လို့ ဆုတောင်းပေးလိုက်ပါသေးတယ်။
Shwe Yaung Myanmar ( Writer – LLA )