
( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )
ဟာသသရုပ်ဆောင်ကိုခင်လှိုင်ကတော့ မကြာသေးခင်ကပဲ မြင့်မြတ် K ညီတို့နဲ့ အခွီTikTok လေးတင်ခဲ့ပြီး မင်းသားကြီးတွေရဲ့ပရမ်းပတာ Tik tok လေးတွေဟာ လူထုကိုအပန်းပြေစေခဲ့ပါတယ်။
ကိုခင်လှိုင်ကတော့ လူတွေမသိလောက်သေးတဲ့မြင့်မြတ်နဲ့အကြောင်းလေးကို pannpwint မီဒီယာနဲ့အင်တာဗျူးမှာ အခုလိုပဲဖြေကြားခဲ့ပါတယ်။
“မြင့်မြတ်က တော်တော်လေးကို Complain နည်းတဲ့မင်းသားဗျ ဒါရိုက်တာအသစ်ဖြစ်ကောင်းဖြစ်မယ် ဇာတ်ညွှန်းဆရာအသစ်ဖြစ်ရင်ဖြစ်မယ် မင်သားတွေက ဇာတ်ညွှန်းကို အနည်းနဲ့အများတော့ပြင်ကြတယ် ကိုယ်ပြောလို့သိပ်မကြိုက်တာ အဆင်မပြေတာဆိုရင် ဒီလိုလေးပြင်လိုက်မယ်နော်လို့ ပြောကြတယ် ကျွန်တော်အပါအဝင်ပေါ့”
“မြင့်မြတ်ကတော့ သူ့ကိုပေးတဲ့ဇာတ်ညွှန်းကို ၏ သည်၍မလွဲ သူ့အိုက်တင်နဲ့အကောင်းဆုံးလုပ်တယ် ကျွန်တော်မကြိုက်ဘူးရယ်လို့ ငြင်းတတ်တဲ့သူမဟုတ်ဘူး သူ့ကိုခိုင်းတာကိုအကောင်းဆုံးလုပ်တယ် complain မတက်ဘူး သူမဆက်ဆံချင်ရင်သာ မဆက်ဆံတော့တာ”
“နောက်တစ်ခုက လူတစ်ဖက်သားကိုကူညီတတ်တယ် အနေအေးတယ်ဆိုပေမယ့် စက်အဖွဲ့ထဲကတစ်ယောက်ယောက်နေမကောင်းရင်တောင် သူကိုယ်တိုင်အိမ်အရောက်သွားပြီး ပိုက်ဆံပေးတယ် ဆေးဝါးကူညီတယ် အဲဒီ့လိုစိတ်ထားကောင်းတဲ့ညီလေးပါ ကိုလူချောတွေကိုဆို အရမ်းပံ့ပိုးတယ် ကိုယ့်လောကသားတွေအပေါ် လူတစ်ယောက်ကိုဆွဲခေါ်ဖို့သူအသင့်ရှိတယ်”
“သူကသူများအကြောင်းမကောင်းပြောတတ်ဘူး Facebook ကိုအခုထိလုံးဝမသုံးဘူး သူ့တပည့်တွေတင်ပေးတာပဲရှိတယ် ကွန်မန့်လည်းမဖတ်ဘူး like လည်းမပေးဘူး ပို့စ်လည်းမတင်ဘူး”
“ကျွန်တော်တို့ကစိတ်ထဲရှိသလိုနေကြတာပါ ချစ်တဲ့သူမျက်လုံးထဲမှာတော့ချစ်နေမှာပေါ့ ကြည့်မရတဲ့သူတွေကတော့ ဒီကောင်တွေ ပရမ်းပတာတွေပေါ့ အဲဒီ့လိုမြင်တဲ့သူတွေလည်းရှိပါတယ် ဘာပဲဖြစ်ဖြစ်အခုထိချစ်နေပေးလို့ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ရဲ့နေထိုင်မှုကတော့ ဒီလိုရိုးရိုးရှင်းရှင်းနေတတ်ပါတယ် အမြင်မတော်တာရှိရင်တော့လည်းဆုံးမလို့ရပါတယ် အသက်ကြီးမှဆုံးမခံရတာတော့သိပ်မကောင်းဘူးပေါ့” လို့ ခင်လှိုင်ကတော့ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောရင်း အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။
Shwe Yaung Myanmar ( Writer – LLA )