
( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )
The Voice Myanmar သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် လူသိများလာပြီးနောက် အနုပညာလှုပ်ရှားမှုတွေကိုခပ်စိတ်စိတ်တွေ့လာရတဲ့ ခင်ရတနာစိုးကတော့ လိုချင်တာရလို့နီနီ့ကိုဖားတယ်လို့ ဝေဖန်ကြတဲ့အပေါ် အခုလိုပဲတုန့်ပြန်လာပါတယ်။
“မနီကစိတ်ထားအရမ်းနူးညံ့တယ် သူတစ်ပါးအပေါ်ကိုစာနာစိတ်ထားတယ် အရမ်းချစ်တတ်တယ် သူတဖတ်သားအေးချမ်းအောင်ပြောတတ်တယ် မနီကိုညီမကဖားတယ် ဖားမ ဖားမလို့ခေါ်ကြတယ် မနီကိုညီမဘက်ကဖုန်းတောင်စမခေါ်ဖူးဘူး မနီမအားမှာစိုးလို့ မနီနဲ့ဘေးချင်းယှဉ်ရင်တောင်ခပ်ခွာခွာနေတယ် အစ်မကိုလည်းတောင်းပန်တယ် မနီကိုညီမ မခင်လို့မဟုတ်ပါဘူးပေါ့”
“တက်တူးထိုးတဲ့ကိစ္စက ညီမသဘောကျတဲ့အိုင်ဒေါနဲ့ အနီးကပ်နေခွင့်ရှိတယ် ကိုယ်သဘောကျတဲ့အရာကို က်ိုယ့်ကိုပေါ်မှာ မနီရဲ့နာမည်ကိုရေးထိုးခွင့်ရတယ်ပေါ့နော် တကယ်ဖားတတ်တဲ့သူဆို တွေ့တာနဲ့ မနီ မနီ သမီးကိုဘာလေးလုပ်ပေးလို့လုပ်မှာပေါ့ ”
“မနီကလည်းအေးအေးဆေးဆေးပဲ ညီမကလည်းမနီအပေါ်အေးအေးဆေးဆေးနဲ့ကိုဆက်ဆံတာ မနီပြောတာကိုတစ်ခါမှမငြင်းဘူး မနီဘက်ကနေ ခင်ရတနာစိုးကငါပြိုင်ပွဲအတွက်ဒီလောက်ကြိုးပမ်းပေးနေတာကို ဂရုမစိုက်ဘူးဆိုတာကြီး အဖြစ်မခံနိုင်ဘူး ကိုယ့်ဆရာသမားစကားကို တသွေမသိမ်းနားထောင်တယ်”
“ပြိုင်ပွဲမှာဆိုရင်မမကနဂါးနီသီချင်းဆိုစေချင်တယ် ညီမဘက်က အစ်မရေ ညီမကတော့မြန်မာသနဲ့တိုက်ခိုက်ခံရတာများနေပြီဆိုရင် မမကလည်းတခြားသီချင်းဆိုဖို့ခွင့်ပြုတယ် ဒါပေမဲ့ ဆိုခဲ့ရင်တောင် တိုက်ခိုက်တာတွေကရပ်တန့်သွားမှာမဟုတ်ဘူးလေ မုန်းတဲ့သူကမုန်းနေမှာပဲ ချစ်တဲ့သူတွေကိုပိုဦးစားပေးရမယ်လေ”
“မနီက တက်တူးထိုးလို့ သီချင်းလုပ်ပေးတာလည်းမဟုတ်ဘူး မမက အရင်ကတည်းက သမီးကိုမမသီချင်းလုပ်ပေးမယ်လို့ ဖိုင်နယ်ပြီးတဲ့ညကတည်းကပြောတာ အဲဒီ့လိုဆိုတော့ မနီရဲ့စေတနာကိုအသိအမှတ်ပြုတဲ့အနေနဲ့လုပ်လိုက်တာ မျှော်လင့်ချက်တွေလည်းမရှိပါဘူး”
“မနီကတော့ ကိုယ့်သီချင်းကိုမြန်မြန်ထွက်စေချင်ပြီပေါ့နော် သမီးကိုစောင့်ကြည့်နေသူတွေကို မမကမြင်စေချင်ပြီပေါ့ မမကပေးတာယူဆိုတဲ့သဘောလည်းမဟုတ်ဘူး မမကသီချင်းတွေအများကြီးရှိတယ် ညီမလေးကြိုက်တာကိုယူ အဲဒီ့သဘောပေါ့”
“ပရိသတ်နဲ့အကျွမ်းဝင်ဖို့ကတော့အဆဲခံနိုင်ရင်ရပြီလို့ပဲပြောရမှာပေါ့ ဒီလိုပြောရင်လည်း အဆဲခံရမှာပဲ Live Sale မှာလည်း ဝင်ဝင်ဆဲကြတာပဲလေ ကိုယ်ကအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ရောင်းတာတောင် ဝင်ဆဲတာပဲ အဆံခံနိုင်ရမယ် စ်ိတ်ရှည်ရမယ်ပေါ့နော်ဈေးရောင်းတာ”
“တစ်ချို့ကမဝယ်မှန်းသိသိကြီးနဲ့ဈေးဆစ်နေရင်လည်း စစ်ပေးရမယ် ဝယ်သူရောင်းသူစိတ်တိုင်းကျပေါ့နော် ပြီးရင်လာမဝယ်ကြဘူး အဲဒီ့လူကပဲ နောက်တစ်Live မှာလာမေးတယ် ညီမလေးတို့က ဖြေပေးရတာပဲ ဝယ်ဝယ်မဝယ်ဝယ် ဖြေပေးရတာပဲ”
“ဒီအတိုင်းဆဲတာကိစ္စမရှိဘူးပေါ့ ဈေးရောင်းနေချိန်မှာ ကွန်မန့်ဖတ်ပေးလေ ဘာလဲ မာနကြီးတာလားဆိုတော့ ကသိကအောင့်ဖြစ်တာပေါ့နော် အကြောင်းလေး ငါးဆယ်လောက်မန့်တယ် နာမည်ခေါ်ခိုင်းတာပေါ့ ကိုယ်ကခေါ်ပေးပေမယ့် ခေါ်ချင်တိုင်းခေါ်လို့မရဘူး အလုပ်အပ်တဲ့သူကိုယ့်ကိုနာရီပိုင်းနဲ့ပေးရတာလေ သီချင်းဆိုပေးတာတောင် တစ်ပိုဒ် နှစ်ပိုဒ်ပဲ ”
“သူတို့ပစ္စည်းလာမမေးရင်လည်း ကိုယ်ကသူတို့ဆီကပစ္စည်းလေးတွေကိုပြပေးတယ် ရောင်းထွက်တော့မှ သီချင်းဆက်ဆိုတယ် ရောင်းရပါတယ် မရောင်းရတဲ့ Live sale တော့မရှိပါဘူး” လို့ ခင်ရတနာစိုးက တွေ့ကြုံခံစားရတာတွေကို Popular Joirnal နဲ့အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။
Shwe Yaung Myanmar ( Writer – LLA )