
( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )
တက်သစ်စသရုပ်ဆောင်ဖြစ်တဲ့ စနိုးကြည်ဖြူကတော့ရွှေကြိုဝင်အရွေးခံပြီးနောက်ပိုင်း သူမရဲ့သွက်လက်တဲ့ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေကြား ရေပန်းစားနေသူပါ။
စနိုးကတော့ ကိုဖြိုးမြတ်အောင်နဲ့အတူသရုပ်ဆောင်ထားတဲ့ “ဘယ်လိုမေ့လို့ရမှာလဲ” MV လေးထဲမှာ ကိုဖြိုးပေါင်ပေါ်အိပ်ရတဲ့အခန်းပါတဲ့အတွက် ရှက်ခဲ့တယ်လို့ Myanmar Celebrity နဲ့အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
“ကိုယ်သရုပ်ဆောင်တဲ့ MV ပေါက်သွားတော့ဝမ်းသာတာပေါ့ ကိုယ်ကိုတိုင်ကြိုးစားထားတာလေးပေါ့ အဲဒီ့နေ့ကဆို မနက်၃နာရီအထိကြိုးကြိုးစားစားရိုက်ထားတဲ့ MV လေးပေါက်သွားတော့ပျော်တာပေါ့”
“အလွဲလေးတွေကတော့ရှိတာပေါ့ ကိုဖြိုးကရှက်လည်းရှက်တတ်တော့ ပထမဆုံးကဒ်မှာတင် ပေါင်ပေါ်လှဲအိပ်ပြီးချစ်ချစ်ခင်ခင်ရိုက်ရတော့ ပထမဆုံးကတ်မှာတင် ၂နာရီ၃နာရီလောက်ကြာသွားတယ်”
“ဒါရိုက်တာကလည်း အဲဒီ့ကတ်ကို တကယ့် reality ဆန်ဆန်လိုချင်တာ ကိုယ်တွေကလည်း တောင့်တောင့်ကြီးဖြစ်နေတာနဲ့တော်တော်ကြီးကိုရိုက်လိုက်ရတယ် ၃နာရီလောက်ရောက်မှ ဒါရိုက်တာစိတ်ကျေနပ်တဲ့အဆင့်ကိုရောက်သွားတာ”
“ပရိသတ်တွေရင်ထဲကို စနိုးတို့၂ယောက်လုံးရောက်အောင်သရုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာနဲ့တင်ပျော်ပါတယ် မောင်နှမနှစ်ယောက်ကလည်း စနေနောက်နေတာပါပဲ ကိုဖြိုးက စနိုးကိုညီမလေးတစ်ယောက်ကိုပဲ အရာရာသင်ကြားပေးပါတယ် စိတ်ရတနာLive မှာဆိုလည်း သင်ကြားပေးပါတယ် စနိုးချစ်ရတဲ့ အစ်ကိုကြီးတစ်ယောက်ပါပဲ”
“ကိုယ်ကိုတိုင်တက်သစ်စဖြစ်လို့ အများကြီးသင်ယူနေရတာပေါ့နော် အဲ့ဒီ့နေ့ကဆို ၃နာရီပြီးပေမယ့် ၄နာရီလောက်မှပြန်ဖြစ်တယ်ပေါ့ စနိုးက ချောင်းဆိုးရင်တောင်ကီးလွဲနေတာဆိုတော့ ကိုဖြိုးရော တခြားအဆိုတတ်တဲ့အစ်ကိုကရော သင်ကြားပေးပါတယ်”လို့ စနိုးကတော့ဖြေဆိုထားပါတယ်။
Shwe Yaung Myanmar ( Writer – LLA )