မိခင်အရင်းရဲ့ ရိုက်နှက်နှိပ်စက်ခြင်း ခံနေရတဲ့ ကလေးကို ဂျွန်လွင် ကယ်ပြီ

ဆင်းရဲနွမ်းပါမှုတွေကြားမှာ စားဝတ်နေရေးတွေအတွက်ရုန်းကန်နေရတဲ့အပြင် ကလေးတွေလည်းအများကြီးမွေးထားတာမို့ မိသားစုအခြေအနေဟာ ပိုပြီးကျပ်တည်းလာတဲ့ အတိုင်းအတာတစ်ခုမှ ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းတတ်တဲ့ မိဘတွေအများကြီးပါပဲ။



အသက် (၁၃) နှစ်အရွယ် ကလေးတစ်ယောက်ကို မိခင်ကငါးဖမ်းလှေလိုက်ခိုင်းပေမယ့် ကလေးက မလိုက်ချင်တာကြောင့် ရိုက်နှက်ခဲ့တဲ့ ဗီဒီယိုတစ်ခုကိုကြည့်ပြီးနောက်မှာတော့ ဂျွန်လွင်တစ်ယောက် ဒီကလေးကိုကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


ကူညီဖြစ်ခဲ့ပုံတွေကိုလည်း ” လိုင်းပေါ်မှာငါးဖမ်းလှေကိုမလိုက်ချင်လို့အမေက ကလေးကို ရိုက်တဲ့ video လေးကိုကြည့်ပြီး ကျွန်တော်ကူညီရန်အဆက်သွယ်ရှာတဲ့အခါ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ကကရံကျေးရွာ၊ ကုလားချောင်းရပ်ကွက်က ရွာခံဆရာမ မအိမျိုးရဲ့ ဆက်သွယ်ပေးမှုကြောင့် ဗီဒီယိုနဲ့ အဆက်အသွယ်လုပ်ပြီး ဒီကလေးရဲ့ ပညာရေးကို ထောက်ပံ့တဲ့အနေနဲ့ တစ်လကို ငါးသောင်း ထောက်ပံ့ပေးသွားမှာပါ။ ”



” ဒါကြောင့်အခုကျောင်းပိတ်နေတဲ့ကာလအတွင်းမှာ သူ့မိဘကို (၄) သောင်းပေးပြီး  ကလေးရဲ့ ပညာသင်ရန်ကျူရှင်စရိတ်အတွက် ငွေတစ်သောင်းကို လောလောဆယ် ပေးအပ် သွားမှာဖြစ်ပါတယ်။



ကျွန်တော်ဘက်က ငွေဆယ်သိန်းကို ပထမအနေနဲ့ မတည်ထား သော်လည်း နောက်ပိုင်းတွင် ကလေးရဲ့လိုအပ်ချက်များကို ကျွန်တော်မှ ထပ်မံပြီးလှူဒါန်းသွားပါမယ်။ ” ဆိုပြီး အားလုံးထပ်တူ ဝမ်းသာရအောင် ဝေမျှခဲ့ပါတယ်။

Credit Cele Zone