၁၁ နာရီကြာ ပျံသန်းတဲ့ လေယာဥ် ဘီးမှာ ခိုးပြီး လိုက်ပါခဲ့တဲ့ အမျိုးသားရဲ့ အဖြစ်

တောင်အာဖရိကမှ လန်ဒန်သို့ ၅ ၆၃၉ မိုင် ခရီးနှင်ခဲ့သည့် လေယာဉ်ကြီး၏ ဘီးအုံတွင် ခိုးလိုက်ခဲ့သည့် အမျိုးသားက ကြောက်မက်ဖွယ် အဆိုပါ ခရီးစဉ်အ ကြောင်း ပထမဦးဆုံးအကြိမ် ပြန်ပြောင်း ပြောပြလိုက်သည်။



လပေါင်းများစွာ မေ့ မြောနေပြီး ပြန်လည်သတိရလာသည့်အ ချိန်တွင် သမ်ဘာကဘီကာ ပထမဦးဆုံး သိလိုက်ရသည့်အရာမှာ ၎င်းနှင့်အတူ ခိုး လိုက်လာသည့် သူငယ်ချင်းကာလီတို ဗေးသည် ၁၁ နာရီကြာခရီးစဉ်အတွင်း လေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံး သွားပြီ ဆိုသည့်သတင်းဖြစ်သည်။ ဟိသရိုးလေ ဆိပ်မြေပြင်ပေါ်တွင် သတိမေ့မြောနေ သည့် သမ်ဘာကဘီကာကို တာဝန်ရှိသူ များက တွေ့သွားပြီး ဆေးရုံတင်ပေးလိုက် ရသည်။


၂၀၁၅ ခုနှစ် ဇွန်လ ၁၈ ရက်တွင် တောင်အာဖရိကရှိ ဂျိုဟန်းနပ်စ်မြို့မှ ထွက်ခွာလာသည့် လေယာဉ်တွင် ခိုးစီး လာသည့် သမ်ဘာကဘီကာသည် အောက် ဆီဂျင်လည်းပြတ်လပ်သွားခဲ့သည်။ ဆင်း ရဲတွင်းမှအတူ အသက်စွန့်ရုန်းထွက်လာ သည့် သူငယ်ချင်းဖြစ်သူ ကာလီတိုဗေး သည် အဆိုပါလေယာဉ် မဆင်းသက်မီ မိနစ်ပိုင်းအလိုတွင်ပင် လေယာဉ်ဘီးအုံမှ
ပြုတ်ကျသေဆုံးသွားတော့သည်။



ဟိသ ရိုးလေဆိပ်မှ ခြောက်မိုင်အကွာ အ ဆောက်အအုံတစ်ခုပေါ်တွင် ကာလီတို ဗေး၏အလောင်းကို တွေ့ရှိရကြောင်း ရဲ တပ်ဖွဲ့က ဆိုသည်။ “လေယာဉ်လည်း ပျံရော မြေပြင်ကြီးကိုမြင်ရတယ်၊ ကား တွေမြင်ရတယ်၊ လူတွေကို သေးသေး လေးမြင်ရတယ်။ နောက်မကြာဘူး အောက်ဆီဂျင်မရလို့ သတိမေ့သွားတော့ တာ။ လေယာဉ်ပျံတက်အပြီး နောက်ဆုံး
မှတ်မိလိုက်တဲ့အရာကတော့ “သူငယ်ချင်း ရေ ငါတို့လုပ်နိုင်ခဲ့ပြီကွ” ဆိုတဲ့ဗေးရဲ့စ ကားပဲ”ဟု သမ်ဘာကဘီကာက ပြောပြ သည်။



ယခုအခါ ၎င်းင်းသည် အင်္ဂလန်တွင် ခိုလှုံခွင့်ရသွားပြီဖြစ်ပြီး လစ်ဗာပူးတွင် နေ ထိုင်နေသည်။ ကမ္ဘာတစ်လွှားတွင် လေယာဉ်ခိုးစီးသည့်ကြိုးပမ်းမှုပေါင်း ၁၀၉ ခု ရှိသည်ဟု မှတ်တမ်းများက ဆိုသည်။ လန်ဒန်သည် လေယာဉ်ခိုးစီးသူများအ ကြိုက် ပန်းတိုင်ဖြစ်နေတတ်သည်။ သို့ သော် ထိုသို့ လေယာဉ်ဘီးအုံတွင် အ သက်ကိုရင်းပြီး ခိုးစီးသူများအနက် အ သက်ရှင်သူ ၂၄ ဦးသာရှိသည်။ ဗြိတိန်သို့ လေယာဉ်ခိုးစီးပြီး အောင်အောင်မြင်မြင် ရောက်လာသူပေါင်း သမ်ဘာကဘီကာ အပါအဝင်နှင့်မှ နှစ်ဦးသာရှိသေးသည်။



ဗြိတိန်သို့လေယာဉ်ခိုးစီးပြီး အောင်မြင်စွာ ရောက်လာသူ နောက်တစ်ဦးမှာ ပါဒိဆိုင်း နီဖြစ်ပြီး ၎င်းသည် ၁၉၉၆ ခုနှစ်တွင် ဒေ လီမှ လန်ဒန်သို့ ပျံသန်းသည် ၁၀ နာရီ ကြာ လေယာဉ်ခရီးစဉ်တွင် ခိုးစီးခဲ့ခြင်းဖြစ် သည်။ ၎င်းင်းနှင့်အတူလိုက်လာသည့် ၄င်း ၏ညီသည် အေးခဲကာ သေဆုံးသွားသည်။ ထိုအတွေ့အကြုံက ၎င်းင်းကိုယခုထက်ထိ တိုင် မကြာမကြာ ခြောက်လှန့်နေဆဲဖြစ် ကြောင်း ဆိုင်းနီက ဆိုသည်။

Credit Pyi Myanmar