ရန်ကုန်မြို့ လေထု အဆိပ်သင့်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ဖြစ်နိုင်ရင် အပြင်လုံးဝ မထွက်ကြပါနဲ့ အိမ်ထဲမှာ နေကြပါ

ရန်ကုန်မြို့ရဲ့ လေအရည်အသွေး အလွန်ဆိုးဝါးနေပါတယ်၊

အအေးပိုလာတာနဲ့အမျှ အေးတဲ့လေက လေးပြီး အောက်ခြေမှာလာထိုင်ပါတယ်၊ လူတွေက အေးတော့ ခြံထဲမီးရှို့တယ်၊ ကာဗွန်လေဟာ အပေါ်မတက်နိုင်ပဲ လေးနေတဲ့လေအေးနဲ့အတူ မြို့ထဲပတ်ပါတယ်။ မနက် ၉/၁၀ နာရီလောက်လည်းကျရော ကားတွေက ကာဗွန်တွေ၊ ထမင်းဟင်းချက်တဲ့ အငွေ့တွေ၊ စက်ရုံအလုပ်ရုံကအငွေ့တွေ ၊ကားသွားလို့ထလာတဲ့ ဖုန်နုနုတွေ လေထဲတက်လာရော။ လေအရည်အသွေးပိုဆိုးလာပါတယ်။



ပြဿနာက ဆောင်းတွင်းဆိုတော့ လေမသန့်တာမသိဘူး၊ မြူလိုလို နှင်းလိုလိုမို့ ကြည်နူးကြတယ်၊ လူတွေက အားကစားထွက်လုပ်ကြတယ်၊ အားကစားလုပ်တဲ့အခါ အသက်ရှုရတာပိုလာတယ်၊



နဂိုလ်ကမသန့်တဲ့လေနဲ့ ပန်းမျိုးစုံရဲ့ ဝတ်မှုံတွေနဲ့တွေ့တဲ့အခါ ရင်ကြပ်ရောဂါ ရတတ်ပါတယ်။ဓါတ်မတည့်ရောဂါ အယ်လာဂျီဖြစ်လာတယ်။ နဂိုလ်က အဆုတ်မကောင်းရင် အဆုတ်ကင်ဆာ နဲ့ တခြားကင်ဆာရောဂါတွေ ဖြစ်လာပါတယ်။



သန့်စန့်လေ မရှုရတော့ autoimmune သွေးလေဘက်နာ နဲ့ တခြားရောဂါပိုးတွေ ကြွလာပါတယ်။
ခန္တာကိုယ်ထဲက ငြိမ်နေတဲ့ ဘက်တီးရီးယားအမျိုးမျိုးဟာ အောက်ဆီဂျင်ပိုရတဲ့နေရာ ရွှေ့ရင်း ရောဂါကြွလာတတ်ပါတယ်။



ဒီလိုအခြေအနေဟာ အလွန်အန္တရာယ်များပါတယ်။ကိုဗစ်ဗိုင်းရပ်စ်က နေရာအနှံ့ ၊ အဆုတ်က အောက်စီဂျင် ဝဝ မရတာနဲ့ပေါင်းတော့ ရန်ကုန်သူ ရန်ကုန်သားတွေ အလွန်ဝဋ်ကြီးကြပါတယ်။



Global warming တွေ sustainable energy တွေ Green တွေ ကြီးကျယ်ခန်းနားစွာပြောနေကြပေမဲ့ လေထုအရည်အသွေးထိမ်းချုပ်ဖို့ လိုတယ်လို့ အုပ်ချုပ်သူတွေရဲ့ ပညာဥာဏ် လိုအပ်နေတဲ့မြို့ပါ။


မြို့ထဲမှာ မီးရှို့သူတွေရင် ဓါတ်ပုံရိုက်ပြီးစည်ပင်တိုင်ကြပါ။ စက်ရုံအလုပ်ရုံတွေရဲ့ ကာဗွန်ထုတ်လုပ်မှုလျော့ကျအောင် ဥပဒေထုတ်ပေးပါ၊ ဒီလိုနေ့တွေမှာ အပြင်မှာထွက်ပြီး လေ့ကျင်ခန်း (လုံးဝ) မလုပ်သင့်ပါ။ မိမိဖုံးထဲမှာ မိမိမြို့ရဲ့ လေအရည်အသွေးညွှန်ပြတဲ့ application တွေစစ်ကြည့်ပါ။ လေအရည်အသွေးနိမ့်မေရင် အိမ်တံခါးများ ပိတ်ထားသင့်ပါတယ်။ အိမ်တွင်း လေသန့်စင်စက် ဖွင့်ထားသင့်ပါတယ်။ အပြင်ထွက်လျှင် Mask တပ်ပါ။


အဆုတ်သန့်စင်ပေးတဲ့ ငရုတ်၊ ငရုတ်ပွ၊ Beet ၊ ပန်းသီး၊ ဖရုံသီး၊ ဆနွင်း၊ ခရမ်းချဉ်သီး၊ လက်ဘက် စတာတွေစားသင့်ပါတယ်။ လေမသန့်တာဘယ်လောက်ထိကြာမလဲ? နောက် တလလောက်အထိ လေအရည်အသွေးဆိုးနေပါမယ်တဲ့၊ အရှေ့လေလေးများများတိုက်မှ သက်သာပါလိမ့်မယ်။

Credit Kyaw Swa Min