စေတနာ နဲ့ကူညီတာ စော်ကားခံရတဲ့ သရုပ်ဆောင် သိင်္ဂီထွန်း

နိုင်ငံကျော် ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သိင်္ဂီထွန်းကတော့ အနုပညာလောကမှာကျင်လည်လာတာ ဆယ်စုနှစ်တစ်ခုမကရှိပီမို့ အနုပညာဝမ်းစာပြည့်ဝသူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။



ငယ်စဉ်ကတည်းက အနုပညာကိုဝါသနာပါပြီး ယနေ့ထိတိုင် အောင်မြင်မှုရရှိနေတဲ့ သိင်္ဂီထွန်းက
ပရိသတ်တွေကြားမှာ နာမည်တစ်လုံးနဲ့ ထင်ရှားကျော်ကြားနေဆဲ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။



သိင်္ဂီထွန်းကလည်း အသက်အရွယ်တစ်ခုရောက်သည့်တိုင် အနုပညာအလုပ်တွေကိုတစိုက်မတ်မတ်လုပ်ကိုင်ရင်း ပရိသတ်အတွက် ပေးဆပ်နေတာပဲ ဖြစ်ပါတယ်။



ဒီကနေ့မှာတော့ သိင်္ဂီထွန်းက ကိုယ်ကသာ စေတနာထားကူညီပေးလိုက်ပေမယ့် ကျေးဇူးတင်ဖို့နေနေသာသာကျေးဇူးကန်းသူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရကြောင်း အခုလိုပဲ ပြောလာပါတယ်။ သိင်္ဂီထွန်းက“အချို့သောကူညီမူတွေနောက်ကွယ်မှာ ကျေးဇူးတင်ဖို့ကျေးဇူးတရားသိဖို့ အသိမှတ်ပြုဖို့နေနေသာသာ ချောက် ထဲတွန်းချခံလိုက်ရတာတွေရှိတယ်.။ကုသိုလ်အဖြစ်သာခံယူရင်း..သာဓုသာဓုသာဓု” ဆိုပြီး သူမရဲ့ မျက်လုံးမှာ ဒဏ်ရာရသွားတဲ့အထိ ကျေးဇူးစော်ကားခံရကြောင်း ပြောလာပါတယ်။



သိင်္ဂီထွန်းကတော့ သူမရဲ့ဖြစ်စဉ်ကို အစအဆုံးပြောပြမထားပေမယ့် ပရိသတ်တွေကတော့
သိင်္ဂီထွန်းအတွက် စိတ်ပူနေကြတာပဲ ဖြစ်ပါတယ်။ သိင်္ဂီထွန်းတစ်ယောက် ထိခိုက်သွားတဲ့
မျက်လုံးဒဏ်ရာ အမြန်ဆုံးသက်သာပျောက်ကင်းပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

မူရင်းရေးသား သူအား လေးစားစွာဖြင့် Credit ပေးပါသည်။