
( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )
ပရိသတ်အားကျရတဲ့စုံတွဲလေးဖြစ်တဲ့ သားဂန်းနဲ့ဘေဘီမောင်တို့စုံတွဲကတော့ သားဂန်းရဲ့သီချင်းလေးကနေတစ်ဆင့်ဖူးစာဆုံတာဖြစ်တယ်လို့ ဘေဘီက Myanmar Celebrity နဲ့အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။
“လိုင်းပေါ်မှာ သူ့သီချင်းက ကြည့်တဲ့သူအများကြီးဆိုတော့ ကျွန်မကလည်းဝင်စပ်စုတာ စပ်စုလို့လင်ရတာကွယ် အဲဒီ့သီချင်းကိုကျွန်မမိတ်ကပ်ဆရာနားထောင်တော့ ဗီဒီယိုကြည့်လိုက်တော့ သူကMVမရိုက်ရသေးဘူး အဲဒီ့မှာ အဆိုတော်ဘယ်သူဆိုပြီး မိတ်ကပ်ဆရာအခြောက်မနဲ့ငြင်းကြရော ဒီလိုနဲ့ကျွန်မနိုင်သွားတာ”
“သီချင်းလေးကလည်း ကိုယ့်ခံစားချက်နဲ့သွားတိုက်ဆိုင်တော့ ကြိုက်သွားတာ ကျွန်မကလည်းမောင်ဆိုရင်စိတ်ဝင်စားသောဆိုတော့ MV ရိုက်မယ် ဘေဘီကမင်းသမီး မောင်လေးကမင်းသားပေါ့ ကောင်လေးကတစ်ခါပဲဆက်လိုက်ရပါတယ် ပြောရရင်တော့ ဒီသီချင်းလေးကြောင့် ကျွန်မတို့ညားသွားတာပေါ့ကွယ် MTV မှာတော့ မိန်းကလေးဆိုတာကိုယ့်ကိုချစ်တယ်ဆိုတော့ မူရတာပေါ့ ကောင်လေးကိုကလိရတာပေါ့ ”
“သူနဲ့ကျွန်မနဲ့ ကြိုက်ကာစဆိုတော့ ကိုယ်ကလူပါးဝတာပေါ့ အနိုင်ရလို့နိုင်တာပါ သူကသီချင်းထဲမှာစာသားတွေထည့်ရေးတာပေါ့ သီချင်းလေးထိမိသွားတော့ ကျွန်မကရင်ခုန်တာပေါ့”လို့ဆိုထားပါတယ်။
ဘေဘီကတော့ “နှစ်သစ်မှာပရိသတ်တွေ စိတ်သစ်လူသစ်နဲ့ စီးပွားရေးတွေတိုးတက်ပါစေ ဘေဘီတို့မင်္ဂလာသတင်းကတော့ မကြမီလာမည်မျှော်ပေါ့နော်” လို့ ပရိသတ်ကို မင်္ဂလာသတင်းလေးကြိုတင်ပေးသွားခဲ့ပါတယ်။
Shwe Yaung Myanmar ( Writer – LLA )