
( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )
မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့အပြင် ကိုယ်တိုင်လည်း ရုပ်ရှင်ဇာတ်ကားတွေမှာသရုပ်ဆောင်နေပြီဖြစ်တဲ့ မထက်ကတော့ အောင်ရဲလင်းက အပြင်မှာအရမ်းချစ်စရာကောင်းတယ်လို့ Sunday နဲ့အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
“ကိုအောင်ရဲလင်းအင်တာဗျူးတွေမှာ သွက်သွက်လက်လက်လေးဖြစ်လာတာအရမ်းကြိုက်တယ် ဒါမှသူ့ပုံစံအစစ်လေအရင်အင်တာဗျူးတွေမှာတစ်လုံးချင်းပြောတာက သူထိန်းနေတာပေါ့နော် သူမှားသွားမှာစိုးတာ အပြင်မှာဆို အရမ်းချစ်ဖို့ကောင်းတယ် အရမ်းလည်းသဘောကောင်းတယ် ပြောတာဆိုတာလည်း သွက်သွက်လက်လက်ပေါ့ မထက်တို့ကိုဆိုရင်လည်းအရမ်းစတယ်”
“ကင်မရာရှေ့ရောက်သွားပြီဆိုရင် သူမဟုတ်တော့ဘူး လေးပင်နေတယ် မထက်ကအမြဲပြောတယ် သူကတော့ သူ့ပုံစံလေ အခုကျတော့ သွက်သွက်လက်လက်ဖြစ်လာတာ ဒါသူ့အပြင်ကစတိုင်ပဲ အရမ်းကိုနွေးနွေးထွေးထွေးရှိတယ်”
“ဆရာကြီးကဆရာကြီး အသည်းမကွဲဘူးလျှောက်ပြောနေတာ ဆရာကြီးကမနေ့ကသင်ပေးသွားတာတွေတောင်ရှိသေးတယ် မသိရင်ဖုန်းဆက်တဲ့ ဘာပြောရင်ဘာဆိုတာ ကိုယ်လည်းရည်းစားရရေးကိုယ့်အရေးပဲ ကိုကြီးရယ် သင်ပေးပါပေါ့” လို့ ဖြေဆိုခဲ့ပါတယ်။
ကိုယ်ပိုင် brand ထုတ်ဖို့နဲ့ပတ်သတ်ပြီးတော့ မထက်က “မကြီးကိုယ်ပိုင် brand ထုတ်နိုင်တာ အရမ်းအားကျတယ် ကိုယ်တိုင်လည်းထုတ်နိုင်ချင်တယ် တခြားကုမ္ပဏီကပူးပေါင်းဖို့လည်းပြောတယ် ကိုယ်တိုင်စီစဉ်ဖို့လည်းလုပ်တယ် အလုပ်များနေတာနဲ့တိတိကျကျမလုပ်ဖြစ်သေးတာပေါ့ လုပ်တာကိုတော့ကောင်းကောင်းလေးလုပ်ချင်တယ် စဉ်းတော့စဉ်းစားနေတယ်” လို့ဆိုပါတယ်။
မထက်ကတော့”စားဆော်ကြီးလို့အပြောခံရတာကိုတော့ စိတ်ပျော်နေတဲ့အချိန်ဆိုရင်တော့ဘာဖြစ်ဖြစ်ဗွေမယူဘူးပေါ့ စိတ်ထဲမကောင်းနေတဲ့အချိန်ဆို ပြန်ပြောတာပေါ့ တကယ်ဟုတ်ရင် ထားပေါ့ အခုကစားဆော်ကြီးမဟုတ်ဘဲ စားဆော်ကြီးလို့ အပြောမခံနိုင်ဘူး ဖြေရှင်းတာပေါ့ ငါစားဆော်ကြီးဆိုငါစီးပွားပျက် ငါစားဆော်ကြီးမဟုတ်ရင် ငါစီးပွားတက်ပေါ့ အမှန်တော်အရမ်းဖျတ်ဖျတ်လူးပြီးနန့်ချင်တာ ဦးနှောက်ကမလိုက်ဘူး”
“အမြင်မတူတဲ့သူတွေက ဒီလိုပြောကြတာတော့ တစ်ခါတစ်လေစိတ်မကောင်းဘူး ပတ်ဝန်းကျင်ဆိုတာ လိုက်ဖြေရှင်းနေလို့မရဘူးလေ” လို့ ဝေဖန်ပြောဆိုမှုတွေအကြောင်းပြောပြခဲ့ပါတယ်။
Shwe Yaung Myanmar ( Writer – LLA )