
( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )
မော်ဒယ်လောကမှာဖြစ်ပျက်နေတာန့ပတ်သတ်ပြီး အလှမယ်သင်းသင်းကတော့ ဒီလိုသာဆိုရင် Miss လောကကြီးပျက်စီးသွားလိမ့်မယ်လို့ဆိုတာ Pannpwint နဲ့အင်တာဗျူးမှာ အခုလိုပဲဖြေဆိုခဲ့ပါတယ်။
“ဘယ်သူ့မှတော့အစ်မ မဝေဖန်ပါဘူး ဘယ်လိုဗီဒီယိုတက်လာတက်လာ အစ်မမကြည့်ဖူးပေါ့ အချိန်မရတာလည်းပါတယ် အခုနောက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာပေါက်ကရလုပ်ရင်ပိုပေါက်တယ်လို့ထင်လာကြတယ် အဲဒီ့တော့ အသက်ကြီးတဲ့လူကလည်း အသက်အရွယ်တွေမသိတော့ဘူး လူငယ်တွေလည်းဒီလိုပဲ ကောက်အောင်လုပ်ရင်းကြည့်မကောင်းမြင်မကောင်းတာတွေရှိလာတယ် ”
“အစ်မတို့အကြံပေးရရင်တော့ miss လောကကနောက်ဆိုရင် ပိုပြီးပျက်စီးသွားမယ်လို့ထင်တယ် အခုကအရပ်ပုတဲ့သူလည်း မော်ဒယ်ဖြစ်တယ် အရပ်ရှည်လည်းမော်ဒယ်ဖြစ်တယ် ဗိုက်ပူလည်းမော်ဒယ်ဖြစ်တယ် အစ်မတို့ဆီမှာစီနီယာတွေရှိတယ် တကယ့် miss တစ်ယောက်မှာရှိသင့်တဲ့ Talent တွေရှိတဲ့သူ တွေဘယ်လိုလုပ်မလဲ”
“အစ်မတို့လည်းမော်ဒယ်လောကကတက်လာတာ ကိုယ့်အိမ်မှာနေက်ိုယ့်ထမင်းကိုယ်စားပြီး မော်ဒယ်လုပ်ခဲ့တာ ဘယ်သူမှ ကိုယ့်ကိုစင်ပေါ်ဆွဲမတင်ပေးဘူး ဒီက organizer က ကိုယ့်ကိုဘာပံ့ပိုးပေးနိုင်မလဲ ကိုယ့်ကိုသူ့စီးပွားရေးအတွက် အသုံးချနေတာလားဆိုတာ သင်းက ကိုယ်တွေ့ကြုံတာလေး လူငယ်တွေကို ပြောပြတာပါ”
“အလှမယ်မော်ဒယ်ဖြစ်ဖို့အတွက်က ရုပ်ကိုကြည့်မှာလား အပြုံးကိုကြည့်မှာလား ဒီလိုရှိတယ်လေ ပြီးတော့ organizerတွေက မော်ဒယ်ဖြစ်ရင်ပရဟိတလုပ်ရမယ်လို့ psyco ထည့်ပေးထားတယ် အစ်မအဲ့ဒါကိုလုံးဝမကြိုက်ဘူး ပရဟိတစိတ်ကလုပ်ယူလို့မရဘူး မော်ဒယ်ဖြစ်မှ miss ဖြစ်မှ ပရဟိတလုပ်ရမှာမဟုတ်ဘူး သင်းဒါကိုလုံဝမကြိုက်ဘူး”
“ဒီလောကမှာ organizer အမည်ခံထားတဲ့သူတော်တော်များများကို ဘာလိုင်စင်ရှိလဲ သေချာလိုက် အစ်မမှာငွေကြေးမရှိလို့ ရှိရင် ဝါသနာပါတဲ့ကလေးတွေကိုပံ့ပိုးပေးချင်တယ် အစ်မဒီလောကထဲရောက်ခဲ့လို့ဘဝပျက်ခဲ့ရတာ ကိုယ့်ချွေးနဲစာပြုတ်ထွက်သွားခဲ့တာ ပြီးတော့ လာလာစင်ပေါ်တက်ဆိုတဲ့ organizer တွေဘယ်သူ့မှရှာမရတော့ဘူး”
“အခုပြောခဲ့တာက သင်းဘယ်သူ့ကိုမှပုတ်ခတ်တာမဟုတ်ဘူး မော်ဒယ်တစ်ယောက်ကိုမေးခွန်းမေးပြီဆိုရင် ဘာပရဟိတတွေလုပ်ပေးမလဲဆိုတာ ပါတယ် သင်းဆိုလည်းကြုံတွေ့ခဲ့ရတယ် ဒါ့ကြောင့်ပရဟိတကိုခေါင်းစဉ်ထည့်ပြီး မလုပ်စေချင်တာလေးကို သင်းပြောချင်တာ”
“သင်းကဒီအသက်အရွယ်မှာ အချိန်ရှိတဲ့အခိုက်မှာ သရုပ်ဆောင်အလုပ်တွေရော အနုပညာအလုပ်လေးတွေကိုရော ဆက်လုပ်သွားချင်ပါသေးတယ် သင်းကိုယ့်ကိုကိုယ်လည်း ဆရာကြီးလိုလည်းမပြောပါဘူး အနုပညာအနေနဲ့ကိုယ့်ကိုကိုယ်သရုပ်ဆောင်လို့ခံယူထားတယ် လိုအပ်ချက်တွေကိုလည်း ကိုယ်တိုင်မြင်အောင်ကြိုးစားသွားပါမယ်” လို့ဆိုထားပါတယ်။
သင်းသင်းကတော့ နှစ်သစ်ဆုတောင်းအနေနဲ့”ကိုဗစ်ကာလကြီးပြီးဆုံးပြီးတော့ ချစ်ရတဲ့ပရိသတ်တွေရေ သင်းကိုနားမလည်ပေးတဲ့ပရိသတ်တွေကိုရောစီးပွားရေးတွေအများကြီးတိုးတက်ပါစေ”လို့ဆုတောင်းပေးထားပါတယ်။
Shwe Yaung Myanmar ( Writer – LLA )