ဖြူဖြူကျော်သိန်းနဲ့ ကျော်ထက်အောင်ကို သဘောတူပါတယ် ဆိုတဲ့ ဆုပန်ထွာ

( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )

သရုပ်ဆောင်ဆုပန်ထြာကတော့ လတ်တလောပရိသတ်တွေကြားရေပန်းစားနေတဲ့ ဖြူဖြူကျော်သိ်န်းနဲ့ကျော်ထက်အောင်တို့ရဲ့ စုံတွဲပုံတွေနဲ့ပတ်သတ်ပြီး သဘောတူပါတယ်လို့ pannpwint နဲ့အင်တာဗျူးမှာဆိုထားပါတယ်။



“ဖြူဖြူနဲ့ကျော်ထက်အောင်တို့ဓာတ်ပုံလေးတွေတင်တော့ အစ်မက ကွန်မန့်ဝင်ရေးလိုက်မိတာ မောင်လေးလို့ ဖြူဖြူနဲ့ဆိုရင် သဘောတူတယ်လေ ဖြူဖြူ့ကိုလည်းကျော်ထက်အောင်နဲ့ဆို သဘောတူတယ်လေ ဖြူဖြူ့ကိုလည်းတော်ရုံတန်ရုံယောကျ်ားနဲ့ဆိုရင် သဘောမတူချင်ဘူးလေ ”



“ဖြူဖြူကအရမ်းတော်တယ်လေ တော်ရုံတန်ရံလူနဲ့ဆိုရင် မဖြစ်စေချင်ဘူး ဒါ့ကြောင့် ကွန်မန့်ဝင်ရေးလိုက်မိတာ တကယ်လိုက်ဖတ်တာ တကယ်သဘောကျတာပါ သူတို့ပုံလေးတွေကိုကြည့်ရင် အရမ်းအသက်ဝင်တယ်လေ အရမ်းလိုက်ဖတ်လို့ မောင်လေးကို လိမ္မာနော်လို့ပြောလိုက်မိတာ ဝင်လျှာရှည်မိတာ”



“ဖြူဖြူနဲ့ကသီချင်းသွားဆိုရင်အမြဲတမ်းဆုံတယ် သူကချစ်စရာကောင်းတယ် စကားပြောလည်းအရမ်းကောင်းတယ် သူအိမ်ထောင်ဘက်ရွေးတော့မယ်ဆိုတော့ စိတ်ဝင်စားတယ် မပန်မှမဟုတ်ဘူး အားလုံးစိတ်ဝင်စားကြတာပဲ ဖြူဖြူကကျတော့ အိမ်ထောင်ပြုရမယ့်အရွယ်ရောက်ပြီလေ ဖူးစာကမမြင်ရဘူးလေနော် ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေမှာပါ ” လို့ ဖြေဆိုထားခဲ့ပါတယ်။

Shwe Yaung Myanmar ( Writer LLA )