ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တွင် ရေအားလျော့နည်းခြင်း ခေတ္တ ရေပြတ်တောက်ခြင်းများ ဖြစ်ပေါ်မည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရန်ကုန်မြို့သို့ ရေပေးဝေလျက်ရှိသည့် ငမိုးရိပ် ရေသန့်စင်စက်ရုံ ( ညောင်နှစ်ပင် ) နှင့် လဂွန်းပြင် ရေသန့်စင် စက်ရုံတို့မှ ရေတွန်းစက်ကြီးများသို့ ဓာတ်အား ပို့လွှတ်နေသော လှော်ကားပင်မ ဓာတ်အားခွဲရုံမှ 33 KV လှော်ကား – အထယု ဓာတ်အားလိုင်း၏



ပထမ (၃) လပတ်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဇန်နဝါရီ (၁၉) ရက်( အင်္ဂါနေ့ ) နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိ ရန်ကုန် လျှပ်စစ် ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ ဓာတ်အားပိတ် ဆောင်ရွက်မည် ဖြစ်သည်။



ထိုသို့ဆောင်ရွက်စဉ် အဆိုပါ ရေတွန်းစက်ကြီးများမှ ရေပေးဝေလျက် ရှိသည့် မင်္ဂလာဒုံ ၊ အင်းစိန် ၊ ရွှေပြည်သာ ၊ မြေက်ဥက္ကလာပ ၊ ရွှေပေါက်ကံ ၊ မရမ်းကုန်း ၊ ဗဟန်း ၊ ရန်ကင်း ၊ တောင်ဥက္ကလာပ ၊ ကမာရွတ် ၊ သင်္ဃန်းကျွန်း ၊


ဒဂုံမြို့သစ် ( မြောက်ပိုင်း ၊ တောင်ပိုင်း ၊ အရှေ့ပိုင်း ၊ ဆိပ်ကမ်း ) မြို့နယ်များ ၊ တာမွေ ( မေတ္တာညွန့်ရပ်ကွက် ) ၊ သာကေတ ၊ ဒေါပုံမြို့နယ် များတွင် ရေအား လျော့နည်းခြင်းနှင့် ခေတ္တ ရေပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ရေကြိုတင်စုဆောင်းနိုင်ကြရန် အသိပေးနှိုးဆော် ထားကြောင်း သိရသည်။



Credit – Myanmaalinn