သူခိုးက ဆိုင်ကယ်တစီးကို ခိုးဖို့ cctv မှတ်တမ်းတွေအရ အချိန်ခနပဲ ကြာပါတယ်။

ဆိုင်ကယ် ဇက်သော့ခတ်ရန်

သူခိုးက ဆိုင်ကယ်တစီးကို ခိုးဖို့ cctv မှတ်တမ်းတွေအရ အချိန်ခနပဲ ကြာပါတယ်။ယခုလိုသော့ခတ်ထားရင် ခိုးယူဖို့ အချိန်တခုတော့ ကြာမှာပါ။



ဆိုင်ကယ်သူခိုးများသည် ဇတ်သော့အား ခြေထောက်ဖြင့် တွန်းကန်ကာ ဇတ်သော့ကို ၂ စက္ကန့်အတွင်း ကျိုးသွားအောင် လုပ်ပြီး ဆိုင်ကယ်ကို တွန်းသွားခြင်း နောက်ထပ်ဆိုင်ကယ်ဖြင့် ခြေဖြင့် ကန်မောင်းသွားခြင်း … စသဖြင့် ခိုးကြရာတွင် ( CCTV ) ကင်မရာမှ မြင်ရသော်လည်း ဘာမှ ပြန်လုပ် ယူ၍ မရတော့ခြင်း…………။


( GPS ) တပ်ထားသော်လဲ ခိုးယူသည့် အချိန် အလျင်မြန် လိုက်နိုင်မှ တော်ကာ ကျခြင်း………။ အဲ့တော့ ကျနော်တို့ အစထဲက ခိုးဖို့ မလွယ်အောင် ခိုးဖို့ အချိန်ကို သူခိုးအတွက် အချိန်များများ မရအောင် ယခု နည်းလမ်းက အဆင်ပြေ မလားလို့ပါ။



ရှေ့ဘီး ဒစ်ဘရိတ် သံကွင်းက အပေါက်လေးတွေမှာ အိမ်သော့အသေးလေးကို ခတ်ထားလိုက်ပါ တော်ရုံအချိန်နဲ့ ဘယ်လိုမှ ခိုးလို့မရပါ။ ဆိုင်ကယ် ကို တွန်းသွားလို့ လည်းမရပါ။


ဇတ်သော့ ကျိုးသွားခဲ့ရင် တောင်ဆိုင်ကယ်ကို ထားခဲ့မှဘဲရပါ့မယ်။ သယ်ရတာလဲ လွယ်ပါတယ် သော့တလုံးမှ ၂၀၀၀ / ၃၀၀၀ လောက်ပဲ ရှိပါတယ် ။ ဘယ်သူ ဘာပြောပြော ဇတ်သော့ကို ညာဘက်စောင်း ခတ်ကြပါ ( ဘယ်ဘက်စောင်း ခတ်ရင် ခြေဖြင့်ကန်ချိုးရ လွယ်လို့ပါ)။



ဂီယာဘီး တွေဆိုရင် ဂွထောက်ကြီး ထောက်ပြီးတော့ ဂွထောက်ရဲ့ကွင်းမှာ သော့ခလောက် ခတ်ထားလိုက်ပါ။ လက်ဖက်ရည်ဆိုင် ထိုင်ရင် ဆိုင်ကယ် ကို မြင်ရတဲ့ နေရာမှာထိုင်ပါ။ ပြောချင်တဲ့သူ ပြောပစေ ဆိုင်ကယ်ကို ရှေ့ဘီးသံကွင်းမှာ အိမ်သော့ခလောက် ခတ်ထားပါ။

ပျောက်သွားရင် ဘယ်သူမှ လာလျော်ပေးမှာ မဟုတ်လို့ပါ ( သော့ခလောက်ခတ်တာကို လူတွေမြင်ရင် ရှက်တယ်ဆိုတဲ့ သူတွေရှိလို့ပါ ) ဇတ်သော့ ခတ်တဲ့ အခါ ဇတ်ကိုညာဘက် စောင်းခတ်ကြပါ ……..။


Credit – Sai Kyaw Zayar