ကိုဗစ်ရောဂါကြောင့် ICU ထဲမှာ ရက်ပေါင်း ၇၅ ရက် တိတိနေခဲ့ရတဲ့ အမျိုးသမီး ဆေးရုံဆင်းခွင့်ရပြီ

Covid-19 ရောဂါကူးစက်ခံရပြီးပုသိမ်ဆေးရုံကြီး ICU ထဲတွင် ၇၅ရက်အကြာ ကုသမှုခံယူခဲ့သူအမျိုးသ မီး ရောဂါသက်သာပျောက်ကင်းလာသည့်အတွက် ဆေးရုံမှဆင်းခွင့်ရပြီဖြစ်ကြောင်း ပုသိမ်ဆေးရုံအုပ် ကြီး ဒေါက် တာသန်းမင်းထွဋ်က ပြောသည်။


ငါးသိုင်းချောင်းဆေးရုံမှ လွှဲပြောင်းချက်အရ ဒေါ်သင်းသင်းဌေးနှင့် ဒေါ်သင်းသင်းအေးဆိုသူ အမွှာ ညီအမ နှစ်ဦးနှင့် ဒေါ်သင်းသင်းဌေး၏ခင်ပွန်းတို့တွင် Covid-19 ရောဂါ ၂၀၂၀ခုနှစ် နိုဝင်လဘာလ ၃ ရက်တွင် Covid-19 ရောဂါကြောင့် ပုသိမ်ဆေးရုံကြီး ICU သို့ရောက်ရှိလာခဲ့ကြပြီး ယင်းတို့အနက် ဒေါ်သင်းသင်းဌေးတွင် သွေး တိုး၊ ဆီးချို၊ နှလုံးရောဂါရှိနေပြီး မောပန်းခြင်း၊ အောက်ဆီဂျင်ကျခြင်များ ဖြစ်နေသည့်အတွက် ဆေးရုံသို့ ရောက်ပြီး မကြာခင်ကာလအတွင်း HFNC တင်ခဲ့ရခြင်းဖြစ်သည်။



ယင်း၃ဦးအနက် ကျန် ၂ဦးမှာ ဆေးကုသမှုခံယူပြီးရောဂါပြန်လည် ကောင်းမွန်လာသော်လည်း ICU တွင် ဆေးကုသသမှုခံယူနေသူ ဒေါ်သင်းသင်းဌေးအား ဆေးရုံတွင်စောင့်ရှောက်ပေးလျက်ရှိကြောင်း ယင်းက ဆိုသည်။



“ဒေါ်သင်းသင်းဌေး သူဆေးရုံရောက်ပြီး မကြာခင်မှာပဲ HFNC တင်ရပါတယ်။ စက်ကို ဂိတ်ဆုံး အထိဖွင့်တာတောင်မှ အောက်ဆီ ဂျင်က မတက်ချင်။ ဒီကြားထဲ ဆီးချိုတက်လာလျှင် မောလာပြန် တယ်။ တစ်ရက်နှလုံးခုန်နှုန်းတွေ ၂၀၀ကျော် လို့ ပြေးကြ၊ လွှားကြ အသက်ကယ်ကြပြန်တယ်။ ပြီး တော့ သူ့အခန်းထဲက လူတစ်ယောက်ဆုံးပြီဆိုရင် သူက ရင်တွေတုန် အသက်ရှုတွေကြပ်၊ ဆရာ ဆရာမတွေမှာ ဆုံးခါနီးလူနာကတစ်ဖက်၊ သူကတစ်ဘက် ဒီလိုနဲ့ HFNC စက်ကို ၂လကျော် တင်ဖြစ် ခဲ့တယ်။ ၇၅ရက်အကြာ ICU ထဲမှာ တိုက်ပွဲဝင်ခဲတဲ့ဒေါ်သင်းသင်းဌေးတစ်ယောက် အိမ်ပြန်ခွင့်ရပြီ” ဟု ဒေါက်တာသန်းမင်းထွဋ်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။



HFNC ပေးထားပြီး တစ်လကျော်အကြာတွင် ြ့ပုံးလာနိုင်ခဲ့ပြီး ဆရာ၊ ဆရာမများနှင် intercom တွင် ဖုန်းခေါ်ရင်း စနိုင်နောက်နိုင်လာခဲ့ပြီး ရောဂါသက်သာကောင်းမွန်လာခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်တွင် ဒေါ်သင်းသင်းဌေးအပါအဝင် ၃ဦးလုံးဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း ယင်းကဆိုသည်။

Credit – Pyi Myanmar