ဒေါက်တာ ခင်ခင်ကြီးကတော့ လက်ရှိအခြေအနေကို ပြောပြလိုက်ပါပြီ

ကိုဗစ်ဗီဇပြောင်းပိုးနှင့် ပတ်သက်၍ သိရှိသင့်သည့်အချက်များ
မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ UK ဗီဇပြောင်းပိုး တောင်အာဖရိကဗီဇပြောင်းပိုး မတွေ့ရှိသေးပါ


ဆေးသုတေသနဦးစီးဌာနမှ ဇန်နဝါရီ ဒုတိယပတ်အတွင်း စစ်ဆေးချက်အရ ဂျော်ဒန်မှပြန်လာပြီးပိုးတွေ့သူ ၆၃ ဦးအနက်မှ ပိုးအကောင်ရေများသူ ၆ ဦး ရန်ကုန်တိုင်းမှ ၃ ဦး ပဲခူးတိုင်းမှ ၂ ဦး စုစုပေါင်း ၁၁ ဦးကို ပိုးမျိုးရိုးဗီဇစစ်ဆေးခဲ့ပါသည်



အဆိုပါစစ်ဆေးချက်အရ ဂျော်ဒန်မှ ပြန်လာသူများတွင် ပိုး၏မျိုးရိုးဗီဇသည် GR strain ဖြစ်ပြီး မျိုးနွယ်အရ B 1.1.312 Clade 20B ဖြစ်ပါသည် အဆိုပါမျိုးဗီဇသည် အဆိုပါနိုင်ငံများတွင် နဂိုရှိရင်းစွဲ မျိုးဗီဇဖြစ်ပါသည်
မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့နေသော ပိုးမျိုးဗီဇသည် GH strain ဖြစ်ပါသည် မျိုးနွယ်စု B 1.36 Clade 20A ဖြစ်ပါသည်



အချုပ်အားဖြင့်ဆိုရလျှင် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားပျံ့နှံ့နေသောပိုးသည် 614G နှင့် Q57H တွဲနေသော GH strain သာဖြစ်ပါကြောင်းသိစေအပ်ပါသည်လက်ရှိအချိန်ထိ ပိုး၏ မျိုးရိုးဗီဇကို ၇ ခုသတ်မှတ်နိုင်ပါသည် အောက်တွင်ပုံနှင့်ပြထားပါသည် မူလပထမ L strain ၂၀၂၀ အစပိုင်းတွင် S strain ပြောင်း နောက်ပိုင်းတွင် V နှင့် G အဖြစ်ပြောင်း
ထို့နောက် GR, GH နှင့် GV ဟုပြောင်း နာမည်မပေးရသေးသော ပြောင်းလဲမှုများကို O strain ဟုခေါ်ပါသည်



ထပ်ဖြည့်စွက်…အချုပ်ပြောရလျှင် ဂျော်ဒန်နိုင်ငံသား ၆ ဦးတွင်သာ ဂျော်ဒန်နိုင်ငံတွင်ဖြစ်ပွားနေသောပိုး GR strain B 1.1.312 တွေ့ရခြင်းဖြစ်ပါသည် ကျန် ရန်ကုန် ပဲခူး ဓာတ်ခွဲနမူနာ ၅ ခုတွင် နဂိုရှိရင်းစွဲ GH strain သာတွေ့ရပါသည်
ပြည်ပကပြန်လာသူများတွင် ဂျော်ဒန်တွင်ဖြစ်ပွားပျံ့နှံ့နေသောပိုးတွေ့ရတာမဟုတ်ပါ ဂျော်ဒန်ကပြန်လာသူများတွင်သာ တွေ့ရခြင်းဖြစ်ပါသည် ပေါက်ကရ မဖြန့်ကြပါနှင့် အဓိပ္ပါယ်ခြင်း တခြားစီဖြစ်ပါကြောင်း


Source; GISAID

Credit Dr Khin Khin Gyi