အသဲကွဲတဲ့ရောဂါသီချင်း ပိုင်ရှင်ကြီး အဆိုတော် လာဇရု ကွယ်လွန်

တေးရေးတေးဆို လာဇရုကွယ်လွန်
=====================

တေးရေးတေးဆို လာဇရု Lar Zaru (ခ)ကျော်နိုင်သူသည် ဇန်နဝါရီလ၁၉ရက် နံနက် ၅နာရီ ၄၀မိနစ်တွင်ကွယ်လွန်သွားသည်ဟုသိရသည်။



“မနက်စောစောအိပ်ရာကနိုးနိုးချင်းသတင်းဆိုးကြားရတယ်။ကိုကျော်နိုင်သူ Lar Zaru [အဆိုတော် လာဇရု]ကြီးဆုံးပြီတဲ့။မတော်တဆချော်လဲရင်းခေါင်းကိုထိခိုက်ပြီးဆုံးတာတဲ့။ဟိုတလောကတင် ကိုဗစ်ပြီးရင်သူနဲ့အလုပ်တွေလုပ်ကြဖို့ပြောမိနေသေး။



ဖေ့ဘုတ်မှာ ‘အိုကေ ဘေဘီ’လို့ အမြဲနောက် တတ်သူကြီးစိတ်မကောင်းဘူးဗျာ” ဟုမိတ်ဆွေဖြစ်သူသွန်းနေစိုးက သူ့ရဲ့လူမှုကွန်ယက်မှတဆင့်ရေး သားဖော်ပြထားသည်။



အဆိုတော်လာဇရုသည်မတော်တဆချော်လဲ၍ဦးခေါင်းဒဏ်ရာရရှိပြီးမြောက်ဥက္ကလာပဆေးရုံဦးနှောက်နှင့်အာရုံကြောအရေးပေါ်ဌာနတွင်ဆေးကုသမှုခံယူရင်းယနေ့မနက်ပိုင်းတွင်ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်

Crdet Pyi Myanmar