ကလေးမျက်နှာက မဝံ့မရဲလေးမို့ လက်ထဲကိုင်ထားတဲ့ ပိုက်ဆံ၅၀တန်ကို..

မုန့်လာဝယ်တဲ့ ကလေး လက်ထဲက (၅၀) တန်အစုတ်.. ကလေးနှင့် စိတ်ထဲ၊ စွဲထင်သွားတဲ့ အရာ.. ကလေး တစ်ယောက် ဆိုင်ထဲဝ င်လာပြီး မုန့်လာဝယ် ပါတယ်..ကလေးမျက်နှာက မဝံ့မရဲလေးမို့.. လက်ထဲ၊ ကိုင်ထားတဲ့ ပိုက်ဆံကို ဦး ခဏကြည့်.. မယ်နော်လို့ ပြော လိုက်တော့ ဖွဖွလေး ကိုင်ထားတဲ့၊ ပိုက်ဆံကို ပေးပါတယ်..

ပိုက်ဆံက ကျွန်တော်၊ ထင်ထားသလို စုတ်ပြဲ နေပါတယ်၊ ကလေးတွေဟာ စုတ်ပြတ်နေတဲ့.. ပိုက်ဆံကို ဖြန့်ပြီး မပေးကြဘူး၊ အသာအယာ.. လေးကိုင်လာပြီး ပေးတတ်ကြတယ်..
ဆိုင်ရှင် အတော်များ များကလည်း ဈေးဝယ်ရှုပ်တဲ့.. အချိန်ဆို၊ ပိုက်ဆံကို ဖြန့်မ ကြည့်တတ် ကြဘူးလေ..ဘာလို့ပိုက်ဆံကို ဖြန့်ပြီးမပေး တာလဲသမီး၊ ဟို ဟို ကျောင်းမှာ ဝယ်လို့မရလို့ ဒီမှာလဲ ဝယ်မရမှာစိုးလို့ပါ..
8

ရတာပေါ့ သမီရယ် စုတ်စုတ် ပြတ်ပြတ် ပိုက်ဆံပါပဲ၊ သမီးရယ် တရားဝင်သုံး လို့ရတယ်နော်.. နောက်တစ်ခါ ပိုက်ဆံအစုတ် ရှိရင် ဦးဆီမှာ လာဝယ်.. ကဲ ဘယ်မုန့် ယူမှာလဲ ယူသွားနော်..

ကလေးဟာ ၅၀ တန်လေဖောင်း၊ မုန့်လေးယူပြီး၊ လွတ်လပ်.. ပေါ့ပါးစွာ ဆိုင်ထဲမှ ထွက်သွား ရှာပါတယ်..ဒီကလေး ပိုက်ဆံအစုတ် ကိုင်ပြီး ဆိုင်ရှင်.. မရိပ်မိအောင်၊ ဝယ်တတ်ဖို့ မိဘတွေက သင်ပေးတာ လား အဖော်တွေက၊ သင်ပေး တာလား မသိပါ..


စုတ်ပြတ်နေတဲ့ အရာတွေဟာ တန်ဘိုးမရှိ၊ တော့ဘူးလို့ ငယ်ရွယ်.. နုနယ်သေးတဲ့ ကလေးတွေမှာ စွဲထင်သွား၊ မှာစိုးသလို တန်ဘိုးနည်းတဲ့.. ငွေစက္ကူ အစုတ်လေးတွေကို..ချို့တဲ့သူတွေရဲ့ လက်ထဲမှာသာ၊ ရှိတတ်တာမို့.. ငယ်စဉ်က တည်းက ဘဝနုံချာတဲ့.. ကလေးတွေရဲ့ စိတ်ထဲကို စုတ်ပြတ်နေရင် သိပ်သုံးလို့၊ မရတော့ သယောင် စကားတွေ မရိုက်သွင်း သင့်ပါလို့..


တွေးမိ သမျှလေး ရေးကြည့်မိ လိုက်ပါတယ်၊ ခင်ဗျာ.. အမှားပါရင် ခွင့်လွှတ် ပေးကြပါ ကျေးဇူးတင်ပါတယ်..

ခရစ်ဒစ် မူရင်းရေးသားသူ