ကျွန်တော် အိမ်အပြန်လမ်းမှာ အဘိုးအရွယ် လူတစ်ယောက် အုတ်ဘောင်လေးမှီပြီး အိပ်နေတာတွေ့လို့ မေးကြည့်လိုက်တဲ့အခါ

မျက်ရည်ဆိုတာ အပျော်လွန်မျက်ဝန်းမှာလည်း
တွေ့ရတတ်တဲ့…အရာမျိုးပါ..



ကျွန်တော် အိမ်အပြန်လမ်းမှာ အဘိုးအရွယ်လူတစ်ယောက်တွေ့တယ်..အုတ်ဘောင်လေးမှီပြီး အိပ်နေတယ်..အဘ အိမ်မပြန်ဘူးလားဆိုတော့…ပြန်မှာပေါ့..သားရယ်တဲ့..အဘအိမ်က ဝေးလားဆိုတော့..ဒီနားလေးမှာပါပဲ..


မဝေးပါဘူးတဲ့..အဘ..ဘာစားပြီးပြီးလဲ မေးတော့ ဘာမှ မစားရသေးဘူးတဲ့…ကျွန်တော့်အိတ်ထဲကြည့်တော့..ငွေနှစ်ထောင်ပါတယ်..ကျွန်တော်. စားစရာလေးတွေဝယ်ပြီး သွားပေးလိုက်တယ်..အဘရေ…ရော့..အဘစားဖို့အတွက်ပါ…ဆိုပြီ..
အဲ့ဒီ အခိုက်တန့် လေးပါပဲ…ကျေးဇူးပါသားရယ်တဲ့..လက်အုပ်လေးချီးပြီး..တုန်တုန်ခါခါနဲ့…..သုံးလေးခါ လောက် တစ်တွတ်တွတ် ပြောနေတယ်..
ကျွန်တော်မျက်ရည်ဝဲပြီလေ..



ကလေးဘဝက ထင်ခဲ့တယ် အမေရိုက်ရင် မျက်ရည်ကျတယ်..အရွယ်ရောက်တော့..သိလာတယ်..ချစ်သူနဲ့ ကွေကွင်းရရင် မျက်ရည်ကျတယ်…အခုတော့ ပိုသိလာပြီ..အပျော်လွန်မျက်ဝန်းမှာလည်းမျက်ရည်ရှိတယ်ဆိုတာ..



ကျွန်တော့မှာ အဖေ၊အမေ မရှိတော့ပါဘူး..
ဒါပေမယ့်..သက်ကြီးရွယ်အိုတွေ လမ်းမှာဖြစ်သလိုနေနေတာတွေ့ရင် စိတ်မကောင်းဘူးဗျာ..
သူတို့ ကိုယ်တိုင်က ကုသိုလ် နဲခဲ့လို့လား…သားသမီရကံ မကောင်းခဲ့လို့လား မပြောတတ်ပေမယ့်…
သူတို့တွေများ သားသမီရှိခဲ့ရင်တော့ ဝဋ်ဆိုတာ ဘဝမကူးခင် လည်တတ်ကြောင်း သိစေချင်တယ်။သားသမီးတိုင် ကိုယ့်မိဘကို တန်ဖိုးထားနိုင်ကြပါစေဗျာ။


Credit #ကိုစစ်
18.1.20