မြန်မာပြည်အတွက် ကိုဗစ်ကာကွယ်ဆေးများကို အိန္ဒိယက ယနေ့ စတင် ပေးပို့တော့မည်

မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး ရောက်တော့မည်။ မြန်မာအပါအဝင် ၆ နိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေးများ ပေးပို့ခြင်းအစီအစဥ်ကို ယနေ့စတင်မည်ဖြစ်ကြောင်း အိန္ဒိယက သတင်းထုတ်ပြန်



အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၏ မနေ့က သတင်းထုတ်ပြန်ချက်အရ မြန်မာ၊ ဘူတန်၊ နီပေါ၊ မောလ်ဒိုက်၊ ဘင်္ဂလားဒေ့ရှ် နှင့် ဆေးရှဲလ်နိုင်ငံများသို့ အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေးများကို ၂၀.၁.၂၀၂၁ ရက်မှစ၍ ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။



ယင်းနောက် အာဖဂန်နစ္စတန်၊ သီရိလင်္ကာ နှင့် မော်ရစ်သျှ နိုင်ငံများသို့လည်း ဆက်လက်ပေးပို့ရန်အစီအစဥ်ရှိကြောင်း၊ ကမ္ဘာအနှံ့ ဖြန့်ဝေပေးပို့သွားမည်ဖြစ်ရာ နိုင်ငံ ၉၀ ကျော်သို့ ဖြန့်ဝေမည့် COVAX အစီအစဥ်အပါအဝင် နိုင်ငံတကာ၏ လိုအပ်ချက်များကို ဖြည့်စွမ်းနိုင်ရန် စီစဥ်နေကြောင်း သတင်းရရှိပါတယ်။



မြန်မာက အိန္ဒိယ ၏ Serum Institute မှ လူ ၁၅ သန်းစာ Covishield အမည်ရှိ Oxford/AstraZenica ကာကွယ်ဆေးအလုံး သန်း ၃၀ ဝယ်ယူရေးစာချုပ်ကို ၂၄.၁၂.၂၀ ရက်က ချုပ်ဆို၍ ၅.၁.၂၀၂၁ ရက်တွင် ကုန်အမှာပို့ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

Credit Embassy Of India Yangon