ယနေ့မှစတင်ကာ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) မျက်စိစမ်းသပ်မှု စတင်ပြုလုပ်

ယနေ့မှစတင်ကာ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) မျက်စိစမ်းသပ်မှု စတင်ပြုလုပ်
————————–




ယနေ့နံနက်ပိုင်းကစတင်ကာ သီတဂူဆရာတော်ကြီးနှင့် တကွ တပည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ စာချကထိကအားလုံးတို့ သည် သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ဆေးရုံသစ်ကြီးမှာ အထူးစက်သစ်ကြီးများဖြင့် မျက်စိစမ်းသပ်မှုများ စတင် ခံယူခဲ့ကြောင်း သီတဂူသတင်းနှင့် ပြန်ကြားရေးအဖွဲ့သိရပါတယ်။



မျက်လုံးများ၏ အနောက်ခန်းများ၊ ရှေ့ခန်းများကို အသေးစိပ် စစ်ဆေးခြင်း၊ စကန်ရိုက်ပေးခြင်းများ၊ မျက်စိအာရုံကြောများကို အသေးစိပ် စစ်ဆေးပေးခြင်းများကို စက်သစ်ကြီးများဖြင့် စစ်ဆေးပေးခဲ့ကြောင်းသိရပါတယ်။



မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခသီတဂူဦးမြအောင်၊ သီတဂူစဂျေလွင်တို့ ဦးဆောင်၍ မျက်စိပညာရှင်များက စမ်းသပ်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်စမ်းသပ်မှု (၃၀) ယောက် ပြုလုပ်ပေးခဲ့ကြောင်းသိရပါတယ်။



ကိုဗစ်ကပ်ရောဂါကြီး ပြီးဆုံးသွားသောအခါ ခေတ်မီသောစက်ကြီးများဖြင့် မျက်စိလူနာရှင်အားလုံးကို သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) က ကုသပေးမှာဖြစ်ကြောင်း သိရပါတယ်။


Credit MyanmaPlatform