အယုံလွယ်တဲ့ ကလေးမိဘတွေ အထူးသတိထားကြပါ

ကလေးလောကမှာ ရုတ်တရက် ဒီPOSTတစ်ခုက HOTထွက်လာတယ် ကလေးရှိမိခင်များ သေချာဖတ်ပြီး သုံးသပ်ကြည့်ပါ

၂၃ နှစ်အရွယ် မိခင်တစ်ယောက်က သူ့ကလေး မအိပ်ဘဲ ငိုနေတာကို လက်ပုံ အိတ်တစ်ခုလုပ်/ ဆန်တွေ ဖြည့်ပြီး ကလေးကျောပေါ်တင်ပေးလိုက်တာနဲ့ အမေချော့နေတာတောင် မရတဲ့ကလေးက ချက်ချင်း အငိုတိတ်ပြီး အိပ်သွားရောတဲ့။ ဒီကိစ္စသာ တကယ်ဆို အဲဒီကလေးအမေက သူ့လက် အစစ် ကလေးကျောပေါ် တင်ပေးထားဖို့ မအားလို့ ဉာဏ်ကူလေသလား တွေးကြည့်ပေးဖြစ်တယ်။


သူ့လက်တွေ့စမ်းသပ်ချက် အောင်မြင်လို့ လူမှုကွန်ယက်ပေါ် တင်လိုက်ရာက Share သူ ၇၆၀၀၀ တောင် ကျော်နေပါပြီဆိုပြီးလည်း တက်လာရော မြန်မာမှာ Share သူက Share … Copy ယူတင်သူက တင်။

ဟုတ်ပြီ။ဘာလို့ ဒါကို ရေးသလဲဆို ကိုယ် ပြောစရာ ရှိလို့။ နေရာတကာ ဝင်ပါရတာလည်း ဝါသနာမပါဘူး။ ကလေးတွေနဲ့ မဆိုင်လည်း ရေးဖြစ်မှာ မဟုတ်ဘူး။


သူ့ လက်ဆန်အိတ်ကို ကိုယ်စမြင်တာနဲ့ တွေးမိတာက ဒါ ဆန် ဘယ်နှဗူးလောက် ရှိမလဲ ဆိုတာပဲ။ ၂ဗူးတော့လည်း မရှိလောက်ဘူး။ တစ်ဗူးတော့လည်း မက လောက်ဘူး တွက်တယ်။ ထားပါတော့ တစ်ဗူး။ မွေးကင်းစ ကလေးကျောပေါ် #ဆန်တစ်ဗူးအလေးချိန် တင်ထားပေးဖို့ ကိုယ်မတွေးဖူးဘူး။ ပုံထဲမှာ လက်ကြီးက ကလေး ကျောတစ်ဝက် မ က ဘူး။


ကိုယ့်သား အခု ၄နှစ်ကျော်ပြီ။သူငယ်ငယ်တုန်းက ပက်လက်အိပ်တဲ့အချိန် လန့်မှာစိုးလို့ သူ့ ကလေးစောင်ပါးလေး ခေါက်ပြီး ရင်ဘတ်ပေါ် တင်ပေးခဲ့ဖူးပါတယ်။ လိုအပ်လို့ ကိုယ့်လက် သူ့ကျောတွေ ရင်တွေပေါ် တင်ပေးခဲ့ဖူးလည်း တစ်ခါမှ weight မပါခဲ့ဘူး။ ကိုယ့်လက် တင်ထားတဲ့အလေးချိန်သည်လည်း ဆန်တစ်ဗူးစာ အလေးချိန် မသုံးခဲ့ဘူး။


သိချင် ကိုယ်တိုင် အိပ်ကြည့်။အိပ်ပျော်ခါစ ရင်ဘတ်ပေါ် စာအုပ် ခပ်လေးလေးတစ်အုပ် တင်ပြီး အိပ်ကြည့်။ အိပ်နေရင်း ဘာဆက်ဖြစ်လာလဲလို့။ ကျောပေါ်လည်း ဒီအတိုင်းပဲ။ခုကိစ္စကို ဖြစ်နိုင်၏ မဖြစ်နိုင်၏ ကောင်း၏ ဆိုး၏ ကိုယ်မဝေဖန်လိုဘူး။ သို့ပေမဲ့ သူများက ကောင်းတယ်ဆိုတိုင်း မြန်မာတွေ သိပ် အယုံလွယ်ကြတာပဲ။


ကိုယ့်ဟာကိုယ်တွေက ယုံချင်ယုံ မယုံချင်နေ။ အသက်တွေလည်း ကြီးလို့ ရင့်ထော်နေပြီ။ ခုမှ လူ့လောကထဲ ရောက်လာခါစ ကလေးနုနုလေးတွေကိုတော့ သူများကောင်းတယ်ဆိုတိုင်း ကလေးကျောပေါ် ဆန်ထုပ်တွေ တင်ကြတော့မှာ မြင်ယောင်လို့ ဒီစာကို ရေးဖြစ်လိုက်တယ်။ ကလေး အိပ်နေတာ မကြိုက်တဲ့ အမေရယ်လို့ မမြင်ဖူးဘူးမို့။


ဘယ်လိုနေမလဲ သိချင်ရင် ကလေးကိုယ်အလေးချိန်နဲ့ ဆန်ထုပ်အလေးချိန် အချိုးချ။ အဲဒီ အချိုးအတိုင်း ကိုယ့်ကိုယ်အလေးချိန်နဲ့ ပြန်ချိန်ထားတဲ့ ဆန်ထုပ် ကျောပေါ် တင်အိပ်ကြည့်။ ပို အိပ်လို့ ကောင်းသွားကြလား ဘာဆက်ဖြစ်ကြလဲလို့။

ဒါတောင် လူကြီးနဲ့ ကလေး အနုအရင့် မတူသေးဘူး။စိတ်ပျက်တာပဲ။သူများက ကောင်းတယ်ဆိုတိုင်း လိုက်ကောင်းတတ်ကြတဲ့ မြန်မာလူမျိုး အများစု။


မြန််မာ စံတော်ချိန် မနက် ၈နာရီ ၁၅ မိနစ်