ကိုဗစ် ဒုတိယလှိုင်းကို မြန်မာပြည် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီလား?

ကိုဗစ် လူနာတွေ ကျလာတာပါလို့ ပြောတာကို မယုံသေးတဲ့ သူတစ်ချို့ ရှိနေပါသေးတယ်။ စစ်သင့်တဲ့သူတွေ မစစ်လို့ Positive ဖြစ်သူတွေ လွတ်နေတာလို့ ပြောသူတွေ ရှိပါတယ်။ ကိုယ့်ဘာသာ ကျိတ်ကုနေလို့ Data တွေ မမှန်တာလို့ ပြောနေသူတွေ ရှိပါတယ်။



အိမ်မှာ ကျိတ်ကုဦးတော့ အောက်ဆီဂျင် ၁၀ လီတာ ထက်ပိုလိုလာရင် ဆေးရုံကို လာကို လာရမှာပါ။ အနည်းဆုံး မန္တလေးမှာတော့ အောက်ဆီဂျင်လိုအပ်သူ လူနာ အရေအတွက် ကျလာနေတာ သိသာပါတယ်။



မစစ်လို့ New case တွေ စာရွက်ပေါ်မှာ ကျလာဦးတော့ သေမယ့်လူနာတွေကတော့ ဆေးရုံမှာ ကျလာစရာ မရှိပါ။ မဖြစ်မနေ ဆေးရုံမှာ လာသေကြဖို့ များပါတယ်။ သေသူတွေ စာရင်းကတော့ ကျလာတာ သိသာပါတယ်။ အလောင်းမြေချဖို့ သေကြောင်း လက်မှတ်လို သေးတာကိုး။



ကြံဖန်ပြီး မြေချလို့ ရအောင် စီစဥ်သွားသူတွေ ရှိဦးတော့ ဒီလောက် ခေါက်ချိုးတော့ ကျလာနိုင်စရာ မရှိပါ။


ဒီတော့ ဖြစ်နှုန်းကျလာနေတာကို ယုံကြည်ပါတယ်။ ဘယ်လောက်အထိ ဆက်ကျမယ်ဆိုတာကတော့ ကျနော်တို့ လူထုအပေါ်မှာပဲ တည်တာပါ။


ဒေါက်တာမောင်မောင်ဦး