ကာကွယ်ဆေးတောင် ထိုးရပါ့မလားဗျာ ကံကောင်းပါစေ

အိန္ဒိယရှိ ကမ္ဘာ့အကြီးဆုံး ကိုဗစ်ကာကွယ်ဆေးထုတ် လုပ်ရေး စက်ရုံ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့
—————

ကြာသပတေးနေ့က အိန္ဒိယရှိ ကမ္ဘာ့အကြီးဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ရေးကုမ္ပဏီ အိန္ဒိယ Serum Institute အဆောက်အဦးမှာ မီးလောင်မှုကြီး တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ခုလို မီးလောင်မှု ဖြစ်ပွားခဲ့ပေမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်မှု ထိခိုက်မှုရှိမှာ မဟုတ်ဘူးလို့ Serum Institute က ပြောပါတယ်။

မဟာရာရှ်ထရာပြည်နယ်တောင်ပိုင်းရှိ ပူနေမြို့ မီးသတ်ဌာနက မီးသတ်သမားတွေ ဦးဆောင်ပြီး မီးငြှိမ်းသတ်နေကြောင်း ပြောပါတယ်။ မီးလောင်ကျွမ်းရခြင်း အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ မသိရသေးပါဘူး။

လူ ၃ ဦးကို ကယ်ဆယ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ မီးသတ်အရာရှိ ဖရာရှန် ရန်ပီဆေးက ပြောပါတယ်။
မီးလောင်မှုဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ဖို့ တိုးမြှင့်ဆောင်ရွက်နေတဲ့ စက်ရုံသစ်ကို ကူးစက်မှု မရှိဘူးလို့ ကုမ္ပဏီက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရေးစက်တွေနဲ့ ကာ ကွယ်ဆေး ပမာဏသန်း ၅၀ သိုလှောင်ထားတဲ့ အဆောက်အ အုံ တွေကိုလည်း ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

ခုလို မီးလောင်သွားပေမယ့် အခြားစက်ရုံတွေရှိတာကြောင့် ကာကွယ်ဆေး ထုတ်လုပ်မှု အားနည်းသွားမှာမဟုတ်ဘူးလို့ အိန္ဒိယ Serum Institute စီအီးအို အာဒါ ပွန်းဝါလာက ပြောပါတယ်။

ခုအချိန်ထိ အရေးကြီးဆုံးအနေနဲ့ လူအသေအပျောက်မရှိခဲ့သလို ကြီးမားတဲ့ ထိခိုက်မှုမရှိပါဘူး။ အထပ်အနည်း ငယ်ပဲ ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

သတင်းတွေမှာထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေမှာတော့ မီးလောင်မှုဖြစ်ပွားနေတဲ့ အဆောက်အဦးက မီးခိုးတွေ ထွက်နေတာကို တွေ့ရပြီး ဓါတ်ခွဲခန်းဝတ်စုံထားတဲ့အလုပ်သမား အများအပြား ဘေးလွတ်ကင်းရာ ရှောင်တိမ်းနေတာကို တွေ့ရပါတယ်။

အိန္ဒိယ Serum Institute ဟာ ကမ္ဘာ့အကြီးဆုံး ကာကွယ် ဆေး ထုတ်လုပ်နေတဲ့ ကုမ္ပဏီဖြစ်ပြီး အောက်စဖို့ဒ်ထုတ် AstraZenec ကာကွယ်ဆေး ဘီလီယံချီ ထုတ်လုပ်ဖို့ သဘောတူညီထားတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ယခု ၂၀၂၁ ခုနှစ်အတွင်း ကာကွယ်ဆေး ၁.၅ သန်းကနေ ၂.၅ သန်းအထိ ထုတ်လုပ်ဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံကလည်း အိန္ဒိယ Serum Institute ကနေ ကာကွယ်ဆေး ဝယ်ယူဖို့ လက်မှတ်ရေးထိုးထားတာလည်း ဖြစ်ပါတယ်။
_ref:AP
Tz
#MyanmaPlatform #International