အမျိုးသမီးတစ်ဦး၏ ဆီးအိမ်ထဲမှ ၄၀၀ဂရမ်ကျောက်တုံး တွေ့ရှိ

အမျိုးသမီးတစ်ဦး၏ဆီးအိမ်ထဲမှ၄၀၀ဂရမ်ကျောက်တုံးကိုခွဲစိတ်ဖယ်ရှား

မကြာသေးမီကခွဲစိတ်ကုသခံခဲ့ရသောအမျိုးသမီးငယ်တစ်ဦး၏ဆီးအိမ်မှဖယ်ရှားပစ်လိုက်သည့်ဧရာမဆီးအိမ်ကျောက်တုံး၏ပုံများသည်ဗီယက်နမ်လူမှုမီဒီယာများတွင်ပျံ့နှံ့ခဲ့သည်။

ဗီယက်နမ်နိုင်ငံသေးငုယင်ရှိဖြူဘင်အထွေထွေရောဂါကုဆေးရုံ၏အရေးပေါ်ခန်း၌ဖြစ်ပွားခဲ့သည့်အသက်၃၄နှစ်အရွယ်အမျိုးသမီးတစ်ဦး၏ဖြစ်ရပ်နှင့်ပတ်သတ်၍ဗီယက်နမ်မီဒီယာအများအပြားကလည်းတင်ပြခဲ့ကြသည်။
ဆေးရုံတွင်စမ်းသပ်မှုများပြုလုပ်ပြီးနောက်CT scan ကထိုအမျိုးသမီး၏ဗိုက်ထဲတွင်အလေးချိန်၄၀၀ဂရမ်နှင့်၁၀–စင်တီမီတာကျော်သောကျောက်တုံးကြီးကိုဖော်ပြခဲ့သဖြင့်အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရသည်။


ယင်းဖြစ်ရပ်သည်ဆေးရုံတွင်အတော်လေးရှားပါးသောဖြစ်ရပ်ဖြစ်ခဲ့သည်။တူရကီမှUrology ဂျာနယ်၏၂၀၁၄ခုနှစ်ဖြစ်ရပ်မှန်အစီရင်ခံစာအရ၁၀၀ဂရမ်ကျော်လေးသည့်ကျောက်တုံးကြီးများသည်ဖယ်ရှားပစ်ခဲ့ရသည့်ဖြစ်ရပ်ပေါင်း ၈၅ခုထက်နည်းပါခဲ့ပြီးယခုဂရမ်–၄၀၀ကိုမူဆေးဘက်ဆိုင်ရာထူးဆန်းမှုတစ်ခုအဖြစ်သတ်မှတ်ထားသည်။



သို့သော်၂၀၁၆ခုနှစ်ကတရုတ်ဆရာဝန်များသည်၅၄နှစ်အရွယ်အမျိုးသားလူနာတစ်ဦး၏ဆီးအိမ်မှ ၁,၀၄၈ဂရမ်ရှိသောကျောက်တုံးကြီးကိုဖယ်ရှားပေးခဲ့ဖူးပြီးတရုတ်နိုင်ငံ၏မှတ်တမ်းတွင်အကြီးဆုံးဖြစ်ခဲ့ဖူးသည်။

Credit:မင်းသုတဟန်