ဝမ်းသာစရာ သတင်းကောင်း မြန်မာနိုင်ငံကို Covid-19 ကာကွယ်ဆေး ရောက်ပြီ

မြန်မာနိုင်ငံသို့ Covid-19 ကာကွယ်ဆေး ရောက်ပြီ
====================================


အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ်ပေးပို့သည့် Covid-19 ကာကွယ်ဆေးများယနေ့ ဇန်ဝါရီလ ၂၂ ရက် မွန်းလွဲ ၃ နာရီခန့်အချိန်က ရောက်ရှိပြီ ဖြစ်သည်။



ယခုရောက်ရှိလာသည့် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Covishield မှာ ရောဂါ ကူးစက်မှု အားခုခံ ကာကွယ်နိုင်စွမ်း ၆၂ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိရှိပြီး အပူချိန် ၂ ဒီဂရီစင်တင် ဂရိတ်နှင့် ၈ ဒီဂရီစင်တီဂရိတ်ကြားထားရမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ အခြေအနေနှင့် သင့်လျော်၍ ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ သမိုင်းရှိ ဗဟိုဆေးသိုလှောင် ရေးဌာနတွင်ထားရှိ သိုလှောင်ကာ ယင်းမှတစ်ဆင့် တစ်နိုင်ငံလုံးရှိ ဆေးသို လှောင်ရုံ၂၀ သို့ ကား၊ ရထား၊ လေယာဉ် တို့ဖြင့် ဖြန့်ဝေပေးပို့မည်ဖြစ်ကြောင်း ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာနည်းပညာ အကြံပေးအဖွဲ့ဝင် ပါမောက္ခတစ်ဦးကပြောကြားသည်။



ပထမဆုံးအကြိမ်အဖြစ် Covid-19 ကာကွယ်ဆေး ၁ သန်းခွဲ ရောက်ရှိလာခြင်းဖြစ်ပြီး လူတစ်ဦးလျင် နှစ်ကြိမ်ထိုးရမည်ဖြစ်သောကြောင့် အဆိုပါဆေးများမှာ လူဦးရေ (၇) သိန်းခွဲကိုထိုးနှံပေးနိုင်မည်ဖြစ် ကြောင်း၊ယင်းကြောင့် ကိုဗစ်ကုသရေးလုပ်ငန်းများ၏ရှေ့တန်းတွင်ကျန်းမာရေးဝန်ဆောင်မှုပေးနေကြ သည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဦးစားပေးထိုး နှံပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားထားသည်။



မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံမှ လှူဒါန်းသောဆေးပမာဏအပြင် ကာကွယ်ဆေးသန်း ၃၀ ဝယ်ယူ ရန် သဘာတူညီမှု ရထားပြီး လာမည့် ဖေဖော်ဝါရီလအတွင်း ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာ မည်ဖြစ်ကြောင်းလည်း သိရသည်။


သတင်း – ကောင်းမြတ်ရာ = ဓာတ်ပုံ – မျိုးကျော်စိုး

Credit Pyi Myanmar