မိန်းမတွေရဲ့စိတ်ကိုနားမလည်တဲ့ယောက်ျားလေးများဖတ်ဖို့-အိမ်ထောင်ရှိရင်ပိုတောင်ဖတ်သင့်ပါတယ်

မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ကို အမှန်တကယ်ချစ်တဲ့အတွက်သာ ထိုယောကျာ်းနဲ့တစ်ဘ၀သာ ဖြတ်သန်းဖို့အတွက် လက်ထပ်လိုက်ကြတာပါ။


လက်ထပ်လိုက်တဲ့အခါ သူမအပျိုဘ၀က
၀တ်ခဲ့တဲ့ ဒေါက်မြင့်ဖိနပ်ကိုလည်း ချွတ်ချသွားနိုင်ပြီးဖိနပ်ပါးလေးနဲ့လည်းလမ်းကြမ်း ကြမ်းမှာ လျှောက်ရဲပါတယ်။


မျက်နှာပြင်မှာ မိတ်ကပ်မရှိ နှုတ်ခမ်းနီလည်းမရှိပဲ အဆီတ၀င်း၀င်းနဲ့ မီးဖိုချောင်ထဲမှာ တကုပ်ကုပ်အလုပ်ရှုပ်ရင်းသူမရဲ့ယောကျာ်း အိမ်ပြန်လာချိန်ကိုထမင်းဝိုင်းပြင်ပြီး စောင့်မျှော်နေမိပါလိမ့်မယ်။


လက်မထပ်ခင်က အိမ်ကမင်းသမီးတစ်ပါးလိုဖူးဖူးမှုတ်ခံခဲ့ရပြီး ဘာမှမလုပ်တတ်ခဲ့ရင်တောင် သူမရဲ့ယောကျာ်းကို ချစ်တဲ့အ တွက် အိမ်အလုပ်တွေကို သင်ယူပြီး အိမ် ဖေါ်တစ်ယောက်လို ကျိုးနွံစွာ ပြုစုကြပါလိမ့်မယ်။


သူမဟာ ခဝါသည်တစ်ယောက် မဟုတ်ပေမဲ့သူမချစ်တဲ့ ယောကျာ်းရဲ့အ၀တ်စားကိုကိုယ်တိုင်ကိုယ်ကျလျှော်ဖွတ်မီးပူတိုက် ပြင်ဆင်ပေးပါလိမ့်မယ်။


အပျိုဘ၀က ၀မှာစိုးလို့ ထိန်းထိန်းသိမ်းသိမ်းပြုစု ဂရုစိုက်ခဲ့တဲ့ပိန်သွယ်နေတဲ့ခန္ဓာကိုယ်ကိုတောင်ပုံပျက်သွားမှာကိုလည်းမမှုပဲသူချစ်တဲ့ယောကျာ်းအတွက် သား သမီးရတနာလေးတွေမွေးဖွားပေးပါလိမ့်မယ်။


နာနီတစ်ယောက်လို လခတွေမရပေမဲ့လည်း
သူမချစ်တဲ့ ယောကျာ်းနဲ့မွေးဖွားလားတဲ့ ရင်သွေးအတွက်နေ့မအိပ်ညမအိပ် ပိုးမွေးသလိုကျွေးမွေးစောင့်ရှောက်ပေးပါလိမ့်မယ်။


သားသမီးတွေကို ထိန်းကျောင်းရင်း အလှ ပြင်ချိန်မရှိတော့လို့သူများမိန်းမတွလောက် မလှတော့ပေမဲ့ သူမချစ်တဲ့ ယောကျာ်းနဲ့ ကလေးတွေအတွက် ကျေနပ်နေမိတာက
မိန်းမတွေပါ။


မိန်းမတွေဒီလိုအစွန့်လွှတ် အနစ်နာခံပေး လိုက်ရတာကသူမတို့မှာ ယောကျာ်းရှားလို့ မဟုတ်ပါဘူး။သူမချစ်တဲ့ ယောကျာ်းတစ်ဦးတစ်ယောက်အတွက်သာဒီလိုမျိုး ဆောင် ရွက်အနစ်နာ ခံပေးနိုင်တာပါ။


ဒါကိုမှ ပုံပျက်လို့ ၊ မလှတော့လို့ ၊ အိုလာလို့ တခြားကောင်မလေးတွေလောက် မလှတော့လို့ စိတ်ကုန်သွားမယ်ဆိုရင်……သင်ဟာ ဘယ်လိုယောက်ျားမျိုး ဖြစ်သွားမလဲဆိုတာ ကိုယ်တိုင်သာ တွေးကြည့်လိုက် ပါ။


Soe Thi Ha Kyaw