အလုပ်သွားဖို့ အိမ်ကအထွက် အဘတစ်ယောက်ရဲ့တက္ကစီတစ်စီးတားစီးလိုက်မိသောအခါ

အလုပ်သွားဖို့အိမ်ကအထွက်taxi တစီးတားလိုက်မိတယ်….အသက်အရွယ်ကလဲကြီးနေတာကြောင့်ဈေးမဆစ်တော့ဘဲအဘပြောတဲ့ဈေးနဲ့ဘဲစီးလိုက်တယ်။Taxi စီးနေရင်းနဲ့အဘဆီကိုဖုန်းတခုဝင်လာတယ်….ဆေးရုံတင်ထားရတဲ့သူ့မိန်းမကိုဆေးသွင်းပေးဖို့ငွေလာသွင်းပေးဖို့အကြောင်းကြားတဲ့ဖုန်းလေးကြားကြားချင်းတကယ်ကိုစိတ်ထဲမကောင်းသွားတာပါ….


ခနနေတော့နောက်ထပ်ဖုန်းတခုထပ်ဝင်လာတယ်….အိမ်ရှင်ကအိမ်ဖယ်ပေးဖို့ပြောတဲ့ဖုန်းတကယ်စိတ်ထဲကိုဆို့သွားတာ….အာ့တာနဲ့မနေနိုင်မထိုင်နိုင်အဘအကြောင်းလေးမေးကျိတော့ဒီနေ့မနက်ဘဲအဘဇနီးကဆေးရုံတင်ထားရကြောင်း…..



ဆေးရုံစရိတ်ကမကုန်ပေမဲ့အပြင်ကဝယ်ရမဲ့ဆေးကဈေးကြီးနေတော့ဆင်းရဲကြောင်းရပ်ကွက်ကထောက်ခံစာယူလာပြရင်….ဆေးဖိုးတဝက်ကိုဆေးရုံမှစိုက်ပေးမည်ဖစ်ကြောင်း၊ကျန်တဲ့လေးသောင်းကိုtaxi ဆွဲရင်းဒီနေ့အတွင်းရအောင်ရှာရမည်ဖစ်ကြောင်း….

ကျနော်လဲဒီ့ထက်ပိုစပ်စုချင်တာနဲ့အဘတို့မှာကျောထောက်နောက်ခံသားသမီးတေမရှိဘူးလားလို့မေးလိုက်တော့…အဘမှာမျက်ရည်လေးဝဲပီးသားရယ်အဘကအရင်တုန်းကexpress တေမောင်းတော့ငွေရေးကြေးရေးအဆင်ပြေသေးတော့ရှိတာလေးတေထုခွဲရောင်းပီး….


သား၃ယောက်ကိုနိုင်ငံခြားပို့ပေးခဲ့တာတဲ့သူတို့ဆီကပြန်ရမယ်ဆိုတဲ့မျှော်လင့်ချက်လေးနဲ့….အခုတော့ပို့လိုက်တဲ့နေ့ကစပီးငွေရောလူရောဘာအသံမှမကြားရတော့တာတဲ့….တကယ်စိတ်မကောင်းဘူးအာ့လိုသားသမီးတေရှိတာ။




လမ်းမှာအာ့လိုအဖိုးတေကိုတွေ့ရင်တတ်နိုင်သလောက်လေးကူညီပေးကြပါလို့….ကျနော်ကတော့ကျနော်တတ်နိုင်တဲ့ဘက်ကနေအဖိုးရဲ့ဇနီးအတွက်ဆေးဖိုး၅၀၀၀၀လှူဒါန်းပေးခဲ့ပါတယ်…..အဖွားလဲအမြန်ဆုံးသက်သာပီးသာယာချမ်းမြေ့တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။


Credit Rio Khant