ဆော်ဒီအာရေဗျ သဲကန္တာရမှာ ထူးဆန်းစွာနဲ့ နှင်းတွေ ဖုံးလွှမ်းသွားပြီ

ဇန်နဝါရီလရောက်လာတိုင်း ကမ္ဘာ့ နေရာအချို့တွင် နှင်းကျလေ့ရှိသော်လည်း နှင်းကျသည့်နေရာများထဲတွင် အာဖရိက နှင့်အရှေ့အလယ်ပိုင်းရှိ သဲကန္တာရများ ပါ ဝင်လေ့မရှိပေ။


သို့သော် ယခုနှစ်ဇန်နဝါ ရီလတွင်မူဆာဟာရသဲကန္တာတွင် ထူးထူး ခြားခြား နှင်းကျပြီး ဆော်ဒီအာရေဗျတွင် လည်း အပူချိန်သည် အနုတ် ၂ ဒီဂရီဆဲလ် စီးယပ်စ်အထိ ထိုးကျသွားသည်။



ဆာဟာ ရသဲကန္တာရရှိ သဲတောင်ပူစာများပေါ်တွင် နှင်းဖုံးနေသည်ကို ဓာတ်ပုံဆရာတစ်ဦးက ဓာတ်ပုံရိုက်ထားလိုက်သည်။ ဆော်ဒီအာ ရေဗျတွင်လည်း ဒေသခံများနှင့်နိုင်ငံခြားသားများက အေဆီယာဒေသရှိ သဲကန္တာရ ကို သူ့ထက်ငါအပြိုင်အဆိုင် အပြေးအ လွှားသွားကာ ရှားပါးမြင်ကွင်းကို အမိအရ သွားကြည့်ကြသည်။




အာဖရိကမြောက် ပိုင်း၊ အယ်လ်ဂျီးရီးယားနိုင်ငံရှိ အင် ဆက်ဖ်ရာဆိုသည့် သဲကန္တာရမြို့လေးတွင် ဖြစ်နေသည့် အံ့ဖွယ်မြင်ကွင်းပုံများကို ဓာတ်ပုံဆရာ ကရင်ဘူချီတာတာက ဓာတ် ပုံရိုက်ထားဖြစ်သည်။



အပူချိန်က အနုတ် ၃ ဒီဂရီဆဲလ်စီးယပ်စ် ထိုးကျသွားသဖြင့် နှင်းဖုံးသွားပြီး နှင်းဖုံးနေသည့် အယ်လ် ဂျီးရီးယား ဆာဟာရ သဲတောင်ပူစာများ ပေါ် သိုးများရပ်နေသည်ကို ဓာတ်ပုံများ တွင်မြင်တွေ့ရသည်။ အင်ဆက်ဖ်ရာဆို သည့်မြို့လေးသည် သဲကန္တာရသို့ အဝင် လမ်းဟု လူသိများသည့်မြို့လေးဖြစ်သည်။ ဆာဟာရသဲကန္တာရသည် အာဖရိက မြောက်ပိုင်း ဒေသအများစုကို ဖုံးလွှမ်း ထားသည်။

Credit – Pyi Myanmar



(DM, 18. 1 .21) ချယ်ရီ