ကလေးမိဘတွေ အထူးသတိထား ကြပါ။ အချိုရည်သောက်လိုက်တာဒီလို ဖြစ်သွားတာ တဲ့

တစ်ဗူးကိုတစ်ရာကျပ်သာပေးရတဲ့“COLA” တံဆိပ်ပါအချိုရည်ဗူးကိုဝယ်သောက်ရာမှကလေးငယ်တစ်ဦးရဲ့အဖြစ်ဆိုးPage ရဲ့မက်ဆင်ဂျာမှာအရာတော်မြို့အမှတ်(၂)ရပ်ကွက်နေထိုင်သူကလေးမိခင်တစ်ဦးမှအခြားသောကလေးငယ်များအလားတူဖြစ်စဉ်မဖြစ်မီဆင်ခြင်နိုင်ဖို့ပါဆိုပြီးပေးပို့လာပါတယ်။




ပုံပါအအေးဗူးဟာတစ်ဗူးလျှင်တစ်ရာကျပ်ပေးရပြီးအဆိုပါမိခင်၏ကလေးသည်ယင်းအချိုရည်ဝယ်ယူသောက်သုံးခဲ့ပြီးတကိုယ်လုံးမျက်နှာပါမကျန်အင်ပျဉ်များထကာယားယံမှုဝေဒနာခံစားရပြီးနောက်မသက်သာတဲ့အတွက်


အရာတော်မြို့ပြည်သူ့ဆေးရုံကြီးမှာသွားရောက်ဆေးကုသမှုခံယူခဲ့ရကြောင်းပြောပါတယ်။ပုံပါအအေးဗူးကိုလေ့လာကြည့်ရသလောက်သတ်မှတ်ထားသောကျန်းမာရေးအသိအမှတ်ပြုအမှတ်အသားများပါဝင်ခြင်းမရှိပဲဘလူးမောင်တိန်ဗူးဖြင့်ပြန်လည်ထည့်သွင်းရောင်းချခြင်းဟုသုံးသပ်ရပါသည်။

သို့ဖြစ်ပါ၍ယခုလိုCOVID-19 ကြောင့်နိုင်ငံတစ်ဝှမ်းစိတ်မသက်မသာရှိကြစဉ်မြွေပူရာကင်းမှောင့်မဖြစ်ကြစေရန်အခြားသောမိခင်များဆင်ခြင်နိုင်စေကြောင်းအများသိစေရန်စေတနာဖြင့်တင်ပြပေးလိုက်ပါသည်။(ကလေးငယ်၏ပုံများကိုမိခင်ဖြစ်သူခွင့်ပြုချက်အရဖော်ပြပါသည်)Credit အရာတော်