ရင်ထဲမှာ ငိုနေတာကို ဘယ်သူမှ မသိကြဘူးလို့ ရင်ဖွင့်လာတဲ့ သင်းသင်း

( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )


လက်​ရှိမှာ​တော့ အလှမယ်​သင်းသင်းဟာ ရိုက်​ကူးလက်​စပညာ​ပေးကား​လေးမှာ ဝတ်​ဆင်​ခဲ့တဲ့ ဆရာမဝတ်​စုံ​ကြောင့် ​ဝေဖန်​ခံ​နေရတာပါ။ ဒီလို​ဝေဖန်​ခံရတာနဲ့ပတ်​သတ်​ပြီးသင်းသင်းက​တော့ ရင်​ထဲမှာငို​နေတာ​တွေ ဘယ်​သူမှမသိဘူးလို့ ​ပေါ်ပြူလာဂျာနယ်​နဲ့အင်​တာဗျူးမှာ​ဖြေဆိုခဲ့ပါတယ်​။



“ဝတ်​စုံက အားလုံးက ရို​သေ​လေးစားရတဲ့ဝတ်​စုံပါ သရုပ်​​ဆောင်​တစ်​​ယောက်​အ​နေနဲ့ဖက်​ရှင်​ဘက်​ကိုသွာပြီးဦးစား​ပေးလိုက်​တဲ့အခါ ဒီလိုမျိုးကြီးဖြစ်​သွားတယ်​ဆို​တော့ အစ်​မလည်းစိတ်​မ​ကောင်းဘူး​ပေါ့ ဒီဇာတ်​ကား​လေးကပညာ​ပေးကား​လေးဆို​တော့လက်​ခံလိုက်​တယ်​ စိတ်​အရမ်းပင်​ပန်းရတယ်​​ပေါ့ ဘာအလုပ်​ဖြစ်​ဖြစ်​စိတ်​ချမ်းသာရတယ်​ဆိုရင်​ လုပ်​လို့​ကောင်းတယ်​​ပေါ့”



“ငယ်​ငယ်​က ကိုယ်​မက်​ခဲ့တဲ့အိမ်​မက်​တစ်​ခု​ပေါ့ ကိုယ်​နှစ်​သက်​ခဲ့တဲ့ဝတ်​စုံပါ ဒီလိုအထိုးအနှက်​​တွေခံရ​တော့ စိတ်​မ​ကောင်းလည်းဖြစ်​မိတယ်​ ဆရာဆရာမနဲ့တကွ အကုန်​လုံးကို​တောင်းပန်​ပါတယ်​ ​နောက်​ဆို​သေချာ​လေ့လာပြီး​တော့မှလုပ်​ပါမယ်​ သူတို့​ထောက်​ပြလို့လည်းကိုယ်​သိရတာ​ပေါ့”



“ကိုယ့်​ကြောင့်မို့အစအဆုံးပြန်​ရိုက်​ရတဲ့သူ​တွေကိုသင်းက​တောင်းပန်​ပါတယ် မက်​ဆင်​ဂျာမှာဆရာမကြီး​တွေလာ​ပြောတယ်​ သင်း​တောင်းပန်​လိုက်​တာ သူတို့​ကျေနပ်​ကြတယ်​ ကိုယ်​က အနုပညာအသိုင်းအဝိုင်းလည်းရှိတာမဟုတ်​ဘူး ဒီအ​ပေါ်မှာ ကိုယ်​ဝတ်​လိုက်​တဲ့ဝတ်​စုံ​ကြောင့် ကိုယ့်အ​ပေါ်ထိုးနှက်​ချက်​ဖြစ်​သွားတာ​တော့စိတ်​​မ​ကောင်းဘူး အရမ်းဖြစ်​တဲ့သူဆိုရင်​ သူတို့အဲဒီ့​လောက်​ထိ​ပြောမလား
ဒီအမှား​သေး​သေး​လေး​ပေါ့ ငါ့ဘဝကဒီလို​ပေါ့ စိတ်​မ​ကောင်းဖြစ်​မိတာ​ပေါ့”



“ဒီဝတ်​စုံနဲ့ပတ်​သတ်​ပြီး အစ်​မမန့်​တွေဖတ်​မိတယ်​ တစ်​ချို့က​တော်​​တော်​ထိုးနှက်​တယ်​ မတုန့်ပြန်​ချင်​​တော့ဘူး ဘဝမှာအရမ်း​မောတယ်​ ဒီဟာကြီးအတွက်​ ပြန်​မ​ပြောချင်​​တော့ဘူး တစ်​ခါတစ်​​လေကျရင်​လူ​တွေက မျက်​နှာမှာသာပြုံး​နေတာ ရင်​ထဲမှာငို​နေတာဘယ်​သူမှမမြင်​ဘူး​လေ”



“ဒီထိုးနှက်​​ချက်​​တွေကို ငါဒီထက်​ဆိုးတာ​တွေ​တောင်​သည်းခံလာတာပဲဆိုပြီး ဒီထိုးနှက်​ချက်​​တွေကို ငါလျစ်​လျူရှုတတ်​လာတယ်​​ပေါ့ စိတ်​ဆင်းရဲရမှာ​တွေက ဘာလို့လဲ ဘာအ​ရေးကြီးလို့လဲ​ပေါ့ ကိုယ့်ကိုခွန်​အား​ပေးတဲ့သူ​တွေအတွက်​ ပြန်​ပြီးထမယ်​​ပေါ့”



“အစ်​မက​တော့မနိုင်​န်ိုင်​ရာတတ်​မယ်​ အစ်​မမှာအသိုင်းအဝိုင်းမရှိဘူး အနုပညာမျိုးရိုးမရှိဘူး ထိုးနှက်​တိုင်းသာလူတစ်​​ယောက်​ကလဲကျသွားရင်​ အ​ဆင်​မ​ပြေဘူး အစ်​မသ​ဘောကျတဲ့သရုပ်​​ဆောင်​အလုပ်​ကို​နောက်​ဆုတ်​ဖို့လည်းမရှိဘူး အစ်​မတတ်​နိုင်​တဲ့ဘက်​က တစ်​​ထောင့်တစ်​​နေရာက​နေ ကိုယ်​နိုင်​သ​လောက်​ကြိုးစားသွားချင်​တယ်​”



“ဘယ်​သူထိုးနှက်​ထိုးနှက်​မယိုင်​လဲဘူးကွာ ဒီကားမှာပါရမယ်​ဆို​တော့ အစ်​မ
အစကတကယ်​​တော့စိတ်​မ​ပျော်​ဘူး ဒီမှာပါရမယ်​ဆိုလို့ အရမ်း​ပျော်​ခဲ့တာ ဂရုစိုက်​ပြီးလုပ်​ရမှ ဒီလို​လေးဖြစ်​သွားတယ်​ အစ်​မမှာအတိုက်​အခိုက်​​တွေများတယ်​ ငယ်​ငယ်​ကကိုယ်​ဖြစ်​ချင်​တာမဖြစ်​လာဘူး”


“သင်းပိုပြီးအားရှိသွားပါတယ်​ ပြ​တောင်​မပြ​သေးဘူး ဒီလိုဖြစ်​သွားတယ်​ဆို​တော့ ဒါသင်းကိုချစ်​လို့သာ​ထောက်​ပြကြတာ​ပေါ့ သင်းအဲဒီ့လိုပဲခံယူထားတယ်​ ​နောက်​နောင်​လည်းဒီလိုအမှား​တွေ​ထောက်​ပြ​ပေးနိုင်​ပါတယ်​ သင်းဘက်​ကလည်း အချိန်​မီ​ပြောင်းလဲပြုပြင်​နိုင်​ပါတယ်​” လို့ ဒီကိစ္စနဲ့ပတ်​သတ်​ပြီးရင်​ဖွင့်ခဲ့ပါတယ်​။

Shwe Yaung Myanmar ( Writer – LLA )