Asdf

UK မျိုးဗီဇပြောင်းပိုးသည် ပိုပြီးသေစေနိုင်ကြောင်း ဝန်ကြီးချုပ်ပြော

လွန်ခဲ့သော ၈ နာရီသတင်းအစောပိုင်းကနဦးတွေ့ရှိချက်အရ ယူကေတွင်စတင်တွေ့ရှိရသော ဗီဇပြောင်းပိုးသည် ပိုပြီးသေဆုံးစေနိုင်ကြောင်း UK ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကပြောပါသည်


ကိန်းဂဏန်းများအရ မသေချာမှုများရှိနေသော်လည်း ကာကွယ်ဆေးများက ဗိုင်းရပ်စ်အပေါ် အနိုင်ယူနိုင်မည်ဟု ဆိုပါသည်အဆိုပါသေဆုံးကိန်းဂဏန်းများသည် ယခင်ကိုဗစ်ပိုးနှင့် ယခုအသွင်ပြောင်းပိုးကြောင့် သေဆုံးမှုကိန်းဂဏန်းများကို နှိုင်းယှဉ်ရာမှ ပေါ်ထွက်လာခြင်းဖြစ်ပါသည်



လက်ရှိတွင် UK နိုင်ငံတဝန်းတွင် ဗီဇပြောင်းကိုဗစ်ကြောင့် ရောဂါဖြစ်ပွားမှုများ ပိုမိုမြင့်တက်လျက်ရှိပါသည်ဝန်ကြီးချုပ်က ဒေါင်းနင်းလမ်းမိန့်ခွန်းတွင် ဗီဇပြောင်းပိုးသည် ကူးစက်မှုမြန်ဆန်သလို သေဆုံးမှုလည်း များလာခြင်းနှင့်ဆက်စပ်နေသည့်အထောက်အထားအချို့တွေ့လာရကြောင်း ပြောကြားပါသည် အဆိုပါဗီဇပြောင်းပိုးသည် လန်ဒန်နှင့် အရှေ့တောင်ဘက်ရှိပြည်နယ်များတွင် စတင်ဖြစ်ပွားခဲ့သောဗီဇပြောင်းပိုးအသစ်ဖြစ်ပါသည်


ပိုးအသစ်၏ ရိုက်ခတ်မှုကြောင့် အမျိုးသားကျန်းမာရေးဌာန NHS အတွက် ခေါင်းခဲစရာဖြစ်လျက်ရှိပါသည် လက်ရှိအချိန်တွင် ပိုးအသစ်ကြောင့် သေဆုံးမှု မြင့်တက်လာခြင်းကို အားလုံးပူးပေါင်းအဖြေရှာလျက်ရှိပါသည် မသေချာမှုများရှိနေသေးသော်လည်း ပိုးအသစ်ကြောင့်သေဆုံးမှုများလာခြင်းသည် ဖြစ်နိုင်ဖွယ်ရှိသော အမှန်တရားဖြစ်ကြောင်း New and Emerging Respiratory Virus Threats (Nervtag) မှ ကောက်ချက်ချထားပါသည်



UK အစိုးရ၏ နည်းပညာသိပ္ပံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Sir Patrick Vallance က ပိုးအသစ်နှင့် ပတ်သက်၍ မသေချာမှုများရှိနေသေးသော်လည်း ဗီဇပြောင်းပိုးအသစ်သည် ကူးစက်မှုလဲမြန်သလို သေဆုံးမှုကိုလည်း ပိုလာစေသည်ကိုတွေ့ရှိရသဖြင့် သေချာကိုင်တွယ်လုပ်ဆောင်နေကြောင်း ပြောထားပါသည်


တွေ့ရှိချက်များအရ ကူးစက်မှုသည် ယခင်ပိုးနှင့် နှိုင်းဆာလျှင် 30% မှ 70% အထိ မြန်ဆန်သည်ကို တွေ့ရပြီး သေဆုံးမှု 30% ပိုများစေကြောင်း ပြောထားပါသည် ဥပမာ…အသက် ၆၀ အရွယ် လူ ၁၀၀၀ ရောဂါကူးစက်ခံရလျှင် ယခင်က ၁၀ ဦး သေဆုံးနိုင်လျှင် ယခုပိုးအသစ်ကြောင့် ၁၃ ယောက်သေဆုံးနိုင်သည့် အဓိပ္ပါယ်ဖြစ်ပါသည်


အဆိုပါခြားနားခြင်းသည် ပိုးတွေ့လူနာများအပေါ်မူတည်၍ တွက်ချက်ထားခြင်းဖြစ်ပြီး ဆေးရုံတက်ရောက်ကုသခံယူသူနှင့် တွက်ထားခြင်းမဟုတ်ပါ ဆေးရုံတွင်ပြုစုစောင့်ရှောက်မှုများသည် ကပ်ရောဂါဖြစ်ပွားချိန်တလျှောက် ပိုမိုပြီးကောင်းမွန်စွာ ပြုစုစောင့်ရှောက်နိုင်သဖြင့် ဆေးရုံတွင်သေဆုံးမှုအနေနှင့် ယခင်နှင့် ယခုများစွာကွာခြားမှုမရှိလှပါ


ပိုးအသစ်သည် Kent ပြည်နယ်တွင် ၂၀၂၀ စက်တင်ဘာလအတွင်းက စတင်တွေ့ရှိရတာဖြစ်ပြီး ယခုအခါ အင်္ဂလန်နှင့် မြောက်အိုင်ယာလန်တွင် ပိုးအသစ်တွေ့ရှိမှု ပိုမိုများပြားလျက်ရှိပြီး ကမ္ဘာပေါ်ရှိ နိုင်ငံ ၅၀ ကျော်ပျံ့နှံ့ရောက်ရှိခဲ့ပြီးလည်း ဖြစ်ပါသည်


Pfizer နှင့် Oxford ကာကွယ်ဆေးနှစ်မျိုးစလုံးသည် ပိုးအသစ်အပေါ် ထိရောက်မှုရှိမည်ဟု မျှော်လင့်ကြောင်း ပြောကြားပါသည် သို့ရာတွင် ကာကွယ်ဆေး၏ ထိရောက်မှုအား အနည်းငယ်လျော့သွားနိုင်ကြောင်းလည်း Patrick က ဆိုပါသည် လက်ရှိအချိန်တွင် ယူကေတွင်စတင်တွေ့ရှိသော ပိုးအသစ်နှင့်စပ်လျဉ်း၍ သုတေသနပြုမှုများကို ဂရုတစိုက် ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ဆိုထားပါသည်


UK ဝန်ကြီးချုပ်က ပြောကြားသည်မှာ အစိုးရအနေဖြင့် နောက်ထပ်ပိုးမျိုးကွဲအသစ် မိမိနိုင်ငံအတွင်းသို့ မဝင်ရောက်စေရေးအတွက် နယ်စပ်ဒေသများကိုလည်း လိုအပ်သည့်ကာကွယ်မှုများ လုပ်ဆောင်နေသည်ဟု ဆိုထားပါသည်


ပြီးခဲ့သည့်အပတ်က တောင်အမေရိက, ပေါ်တူဂီ နှင့် အာဖရိကဒေသနိုင်ငံများမှ ဝင်ရောက်လာသူများကို တားမြစ်သည့်အမိန့် အစိုးရက ထုတ်ပြန်ခဲ့ပြီး အခြားနိုင်ငံမှလာရောက်သည့် ခရီးသည်များကိုလည်း UK မလာခင်အချိန်ကလေးတွင် ကပ်လျက်စစ်ဆေးထားသည့် PCR test negative အဖြေ ယူလာရမှာဖြစ်ပြီး လေဆိပ်သို့ရောက်သည်နှင့် Quarantine ဝင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်ပါသည်


အဆိုပါ ပို့စ်ကို BBC News မှ James Gallagher ရေးသားထားချက်ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည် ဖြည့်စွက်ချက်…လက်ရှိအချိန် နံနက် ၁၀:၃၀, ၂၃/၁/၂၀၂၁ Johns Hopkins dashboard အရ ကမ္ဘာပေါ်တွင် ဖြစ်ပွားသူပေါင်း ၉၈ သန်းကျော်ရှိနေပြီး သေဆုံးသူ ၂၁ သိန်းကျော် ရှိပြီဖြစ်ပါသည် UK တွင် ဖြစ်ပွားသူ ၃.၆ သန်း ရှိပြီး သေဆုံးသူ တစ်သိန်းနီးပါးရှိပြီဖြစ်ပါသည်


မြန်မာနိုင်ငံတွင်လည်း ယမန်နေ့ ၂၂/၁/၂၀၂၁ ည ၈ နာရီအထိပိုးတွေ့သူ ၁၃၆,၅၉၁ ဦးရှိပြီး သေဆုံးသူ ၃,၀၃၁ ဦးရှိပြီဖြစ်သည့်အတွက် မြန်မာပြည်သူများ မပေါ့ဆစေလို၍ ဤပို့စ်ကို တင်ရခြင်းဖြစ်ပါသည်


အသက်ဉာဏ်စောင့် ဥစ္စာကံစောင့်ဆိုသလို မိမိအသက်ကို မိမိ အထူးစောင့်ရှောက်ရန်လိုအပ်ပါကြောင်း စည်းကမ်းတွေကို ဆက်လက်လိုက်နာရန်အရေးကြီးကြောင်း မေတ္တာရှေ့ထား အသိပေး သတိပေးအပ်ပါသည်