အရိုးကွဲမတတ် အေးနေချိန်တွင် မီးဖွားပြီးခါစ မိခင်နှင့်ကလေး အနွေးထည် မရသဖြင့်မွန်ဂိုလီးယား ဝန်ကြီးချုပ် နုတ်ထွက်

အရိုးကွဲမတတ် အေးနေချိန်တွင် မီးဖွားပြီးခါစ မိခင်နှင့်ကလေး အနွေးထည် မရသဖြင့်မွန်ဂိုလီးယား ဝန်ကြီးချုပ် နုတ်ထွက်
=========================================


မီးဖွားပြီးခါစ အမျိုးသမီးတစ်ဦးကို ကိုဗစ်ကွာရန်တင်းစင်တာသို့ ရွှေ့ပြောင်းပေးချိန်တွင်ထိုအမျိုးသမီးနှင့် မွေးကင်းစကလေး အနွေးထည် မရခဲ့သဖြင့် ထိုကိစ္စနှင့်ပတ်သက်ကာမွန်ဂိုလီးယား ဝန်ကြီးချုပ်က နုတ်ထွက်မည်ဟု ကြေညာလိုက်ကြောင်း ဇန်နဝါရီလ ၂၁ ရက်သတင်းက ဆိုသည်။



‘ ခိုက်ခိုက်တုန်အောင် အေးနေတဲ့အချိန်မှာ သွေးနုသားနု လူနာ အမျိုးသမီးတစ်ယောက်ကို ဘာအနွေးထည်မှ မပေးတာဟာတာဝန်မဲ့တဲ့လုပ်ရပ်၊ လူသားမဆန်တဲ့လုပ်ရပ်ပါပဲ’ ဟု ဝန်ကြီးချုပ်က ဆိုကာ ထိုဖြစ်ရပ်အတွက်တောင်းပန်သွားသည်။


‘ကျွန်တော်လည်း ကလေးအဖေပါပဲ။ ဖခင်တစ်ယောက်အနေနဲ့သာမကဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ပါ ဒီကိစ္စအတွက် အင်မတန်ကိုမှ စိတ်မကောင်းဖြစ်ရပါတယ်’ဟု ၎င်းက ဆက်ပြောသည်။



ယင်းကိစ္စနှင့်ပတ်သက်ကာ အစိုးရအဖွဲ့တစ်ဖွဲ့လုံးနှင့်အလုပ်လုပ်သွားရန် စီစဉ်ထားသော်လည်း ဒုဝန်ကြီးချုပ်နှင့် ကျန်းမာရေးဝန်ကြီးကပါ နုတ်ထွက်သွားသဖြင့် ထိုအစီအစဉ်ကို အကောင်အထည်မဖော်နိုင်တော့ကြောင်း၊ ထို့ကြောင့်ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် ယင်းကိစ္စအတွက် မိမိဘာသာ တာဝန်ယူသင့်ပြီးလူထုတောင်းဆိုချက်ကို လက်ခံသင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားသွားသေးသည်။


ထိုအမျိုးသမီးသည် ကိုဗစ် ဖြစ်နေသဖြင့် ကလေးမွေးပြီးပြီးချင်း ယင်းအမျိုးသမီးနှင့်ကလေးကိုကွာရန်တင်းစင်တာသို့ ပို့စဉ် ထိုသို့ ပြီးစလွယ် ပို့နေပုံဗီဒီယိုဖိုင် ပျံ့နှံ့သွားပြီး လူထုကြီးမကျေမနပ်ဖြစ်ကာ ဆန္ဒပြတော့သည်။


( RT, 23.1.21) ချယ်ရီ