မနေ့က ဗိုက်ဆာလွန်းလို့ ခွေးကျွေးထားတဲ့ အစာတွေ ယူစားခဲ့တဲ့ အဘ အတွက် အားလုံး ဝမ်းသာလို့ရပါပြီ(ရုပ်သံ)

လမ်းဘေးက အမှိုက်ပုံထဲက အစားစာတွေ ဗိုက်ဆာလို့ ယူစားနေတဲ့ သူတွေကို တွေ့ပြီး သနားစိတ် ဝင်လို့ ကိုယ့်လုပ်အား ထဲကနေ တတ်နိုင်သလောက် ထမင်းတွေ မုန့်တွေ လိုက် လှူပေးရင်နဲ့ အခုလို ပရဟိတသမားကြီး တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတဲ့ ကို သန်းမင်းကြွယ် က ယနေ့မှာ Live လွှင့်ပြီး အဘ ကို သူ့အိမ်ခေါ် သူသိချင်တာလေးတွေ ကို အားလုံးလည်း သိအောင် မေးပြီး စေတနာ ပါပါလေး ကူညီ ပြောပြခဲ့ပါတယ်။


အဘက စစ်မှုထမ်းဟောင်း အငြိမ်စား တစ်ယောက် ဖြစ်ပေမယ့် အဘ ရမယ့် ပင်စင်ကို မရတာ အတော်ကြာပြီ လို့ ပြောပါတယ်။ကိုသန်းမင်းကြွယ်က လည်း ချက်ခြင်း အဘရဲ့ အချက်အလက်ကို ယူကာ ပင်စင် ပြန်ရအောင် ကူညီပေးမယ် လို့ ပြောခဲ့ပါတယ်။

အဘ က ရေမချိုးတာ တော်တော်ကြာပြီး တစ်လမှ တစ်ခါလောက်ပဲ ချိုးတာ အရင်တုန်းက ငှက်ဖျား ဝင်ဖူးတော့ ရေဆို ကြောက်နေတာ။ အစ်ကို က အဘ ရေချိုးရင် ကျနော် ၅သိန်း ပေးမယ် ချိုးမလား ဆိုပြီး ပြောမှ အာ့ဆို ချိုးမှာပေါ့ ဆိုပြီး ပျော်ပျော်ကြီး ရေချိုးပါတယ်။ ရေချိုးပြီး အလှူရှင် လှူထားတဲ့ ပုဆိုးလေးနဲ့ ကိုသန်းမင်းကြွယ်တို့ရဲ့ အင်္ကျီလေးပါ ဝတ် ပေးခဲ့ပါတယ်။


live လွှင့်နေ တုန်းမှာပဲ အဘအတွက် ဆိုပြီး အလှူရှင် တွေက ဆက်တိုက်ကို ဖုန်းခေါ်ပြီး လှူနေတာကို တွေ့ရတာ အဘ အတွက်တော့ တကယ်ကို ဝမ်းသာစရာပါပဲအခုလို ကိုဗစ်ကာလမှာ အားလုံးလိုလို အခက်ခဲတွေကြားမှာ နေရပေမယ့်လည်း တကယ် ဒုက္ခရောက်တဲ့သူကို တွေ့တာနဲ့ ဘာလို့ မြန်မာ လူမျိုးလို့ ခေါ်ကြတာလဲ ဆိုတာကို သက်သေ ပြလိုက်သလို အားရစရာ ကောင်းလောက်အောင် သဒ္ဒါတရားတွေကို တွေ့ရပါတယ်။


အလှူ အားလုံးကို အဘဆီကို တစ်ခါတည်း ပေးလိုက်ရင် အဆင်မပြေ ဖြစ်မှာ ဆိုးလို့ ကိုသန်းမင်းကြွယ်က သူရဲ့ အစီအစဉ်လေး တစ်ခုနဲ့ အဘအတွက် လုပ်ပေးဖို့ရှိတယ် ဆိုပြီး ပြောပါတယ်။ အဘအတွက် အားလုံး ဝမ်းသာလို့ ရအောင် ပြန်လည် ဝေမျှပေးခြင်း ဖြစ်ပါတယ်။

၁ဝဝဝဝကျပ်/၂ဝဝဝဝကျပ် မှ ကျွန်တော့် အလှူကို လှူလို့ရတာ မဟုတ်ပါဘူး။ ၁ဝဝဝကျပ်/၂ဝဝဝကျပ် အများကြီး စုလိုက်ရင် လည်း အခုလိုမျိုး ဝဋ် ဆင်းရဲ ဒုက္ခ ခံစားနေရတဲ့ လူတွေကို ကူညီလို့ရပါတယ်။

ကျွန်တော့ ရဲ့ Wave Pay ဖုန်းနံပါတ် 099 6140 8629 က အလှူရှင်တွေ လွှဲခ မကုန်တဲ့ ဖုန်းနံပါတ် ဖြစ်ပါတယ်။ အလှူရှင် လွှဲခ မကုန်ခြင်ရင် 099 6140 8629 က wave pay ဖုန်းနံပါတ် ရှိတယ် လို့ Wave Money ဆိုင်ကို ပြောပြီး ငွေလွှဲပေးရင် အလှူရှင် လွှဲခ မကုန်ပါဘူးနော်။


အလှူရှင်များ ဖုန်းခေါ်ရန် Phone: 09 882 881 001 (မှတ်ချက်။ ငွေလွှဲတဲ့ ဖုန်းကို ဖုန်းမခေါ်ကြပါရန် မေတ္တာ ရပ်ခံပါတယ်နော်) လို့လဲ သူ့ဖေ့ဘုတ်စ် မှာရေးပေးထားပါတယ် ။

Source from Than Min kywe’s fb