စျေးကြီးတဲ့ ငါးရံ့ခြောက်ကို အတုလုပ်ပြီး လိမ်ရောင်းနေ၊ ငါးရံ့ခြောက် အတု အစစ်ခွဲနည်း

ဈေးကြီးတဲ့ ငါးရံ့ခြောက်ကို အတုလုပ်ပြီး လိမ်ရောင်းနေကြခြင်းနှင့် ငါးရံ့ခြောက် အတု အစစ်ခွဲနည်း…



ငါးခြောက်ဆိုင်တစ်ချို့ ငါးဒိုင်းခြောက်တွေကို ငါးရံ့ခြောက်ဆိုပြီး လိမ်ရောင်းနေပါသည်။ ၎င်းငါးဒိုင်းသည် အမျိုးသမီးများ/ အမျိုးသမီးရောဂါဝေဒနာများနှင့် မတည့်ဟုသိရပါသည်။ အထူးသဖြင့် သွေးနုသားနုတွေ လုံးဝ ရှောင်ရမယ့် ငါးဖြစ်သည်။



အတုအစစ် ခွဲနိုင်ရန် အထင်ရှားဆုံးကတော့ ငါးဒိုင်းမှာ အမြီးရဲ့ ထောင့်နားမှာ အမဲအဝိုင်းစက်ကြီးပါတယ်။ အဲ့ဒါကို အချို့က ဆေးရောင်တစ်မျိုးသုတ် ဖုံးထားတတ်ပြီး အချို့ကတော့ ချိုးဖဲ့ပစ်လိုက်ကြပါတယ်။



အဲ့ဒီငါးခြောက်တွေမှာ အမြီးတွေက ထောင့်လေးတွေချည့် ကပ်ပဲ့နေတာတွေ့ရပြီး ပဲ့တဲ့နေရာတွေကလည်း အကုန်အတူတူ ဖြစ်နေပါက တန်ဘိုးမရှိတဲ့ ငါးဒိုင်းတွေကို တန်ဘိုးမြင့်တဲ့ ငါးရံ့ခြောက်အဖြစ် လိမ်ရောင်းခြင်းဖြစ်ပါသည်။

မူရင်းရေးသားသူကိုလေးစားစွာ Credit ပေးပါသည်