ကိုဗစ် ကာကွယ်ဆေး မထိုးသင့်တဲ့သူတွေ အကြောင်းကို ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်လိုက်ပြီ

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအပါအဝင် ကိုဗစ် ကာကွယ်ဆေးမထိုးသင့်တဲ့လူအုပ်စုတွေအကြောင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကတရားဝင်ထုတ်ပြန်ပေးလိုက်ပါတယ်။

class=”alignnone size-full wp-image-15630″ />

ဇန်နဝါရီ (၂၃) ရက်ကထုတ်ပြန်လိုက်တဲ့ “ကိုဗစ် ကာကွယ်ဆေးနှင့် ပတ်သက်သောမေးခွန်းနှင့်အဖြေများ (အပိုင်း-၂)” မှာ ထည့်သွင်းထုတ်ပြန် ပေးလိုက်တာပါ။



ကိုဗစ်ကာကွယ်ဆေးကို ကိုဗစ်အတည်ပြုလူနာတွေ၊ သံသယလူနာနဲ့ရောဂါလက္ခဏာပျောက်ကင်းပြီး (၁၄) ရက် မကျော်သေးတဲ့သူတွေမထိုးရပါဘူး။



ကိုဗစ်သံသယ လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုး၊ ဖျားနာ၊ အနံအရသာပျောက်နေသူတွေ၊ အသက်ရှုရခက်ခဲသူတွေ ကာကွယ်ဆေးမထိုးသင့်သလို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ အသက်(၁၈)နှစ်အောက်ရှိသူတွေ မထိုးသင့်ဘူး လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


ကိုယ်အင်္ဂါအစားထိုးကုသထားသူ၊ ခုခံအားကျရောဂါရှိသူနဲ့ ခုခံအားကျ ဆေးဝါးသုံးစွဲသူရသူတွေ အနေနဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးသင့်မသင့်ကို သက်ဆိုင်ရာ ဆရာဝန်တွေဆီမှာ ကြိုတင်တိုင်ပင် ရမှာဖြစ်ပါတယ်။


နာတာရှည်ရောဂါအခံရှိသူတွေကတော့ ကိုဗစ်ကူးစက်နိုင်ခြေ၊ သေဆုံးနိုင်ခြေများတဲ့အတွက် ကိုဗစ်ကာကွယ်ဆေးကိုတော့ ထိုးသင့်တယ်လို့ ဖော်ပြပါရှိပါတယ်။



မူရင်းရေးသားသူ အား လေးစားစွာဖြင့် Credit ပေးပါသည်။