efdhgbbc cvdgg

ကမ္ဘာမှအလိုရှိနေတဲ့ ကမ္ဘာ့မူးယစ်ရာဇာဂိုဏ်းခေါင်းဆောင်အား နယ်သာလန်တွင်ဖမ်းဆီးရမိ



အရှေ့တောင်အာရှနင့် ကမ္ဘာ့နိုင်ငံပေါင်းများစွာကို မူးယစ်ဆေးဝါးများကိုဖြန့်ဖြူး ရောင်းချပေးနေတဲ့ နောက်ကွယ်မှအဓိကကြိုးကိုင်သူ ကမ္ဘာ့မူးယစ်ရာဇာအကြိီးဆုံး အသက် ၅၆ နှစ်အရွယ် တရုတ်လူမျိုး ကနေဒါနိုင်ငံသား Tse Chi Lop ( ခ ) အားဆန်းကော အပါအဝင် ၃ ဦးအား ၂၀၂၁ ခုနှစ်ဇန်နဝါရီ ၂၄ ရက်နေ့က နယ်သာလန်နိုင်ငံမြို့တော် Amsterdam ‘s Schiphol Airport တွင် အင်တာပို ရဲတပ်ဖွဲ့မှ လက်ရဖမ်းဆီးရမိခဲ့ကြောင်း The Guardian သတင်းတစ်ပုဒ်တွင်ဖော်ပြခဲ့ပါသည် ။



Sam Gor ဟာအရှေ့တောင်အာရှတစ်ခွင်နှင့် ကမ္ဘာကို စိတ်ကြွဆေးပြားများနှင့်အိုက်စ်မူးယစ်ဆေးဝါးများကို ဖြန့်ချီရောင်းချနေခြင်းကြောင့် အလိုရှိတရားခံအမည်စာရင်းတွင်ပါဝင်နေသူတစ်ဦးဖြစ်ပြီး တစ်နှစ်ကိုစျေးကွက် အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံအထိရှိကြောင်း နှင့် ယခင်က ကနေဒါနိုင်ငံ Toronto City တွင်နေထိုင်ကာ မကြာသေးမီကမှ ဟောင်ကောင် ထိုင်ဝမ် နှင့်မကာအို တို့အကြားပြောင်းရွှေ့နေထိုင်လာတာဖြစ်တယ်လို့ အင်တာပိုရဲအရာရှိတစ်ဦးကဆိုပါတယ် ။



ဩစတေးလျနိုင်ငံရဲတပ်ဖွဲ့ကတော့ သူ့နိုင်ငံကိုမူးယစ်ဆေးဝါးများရောင်းချနေတဲ့ဖမ်းဝရမ်းထုတ်ထားတဲ့ အလိုရှိတရားခံဖြစ်တဲ့ ကျိုစီကန်ကိုအရေးယူနိုင်ဘို့ ပြန်လည်လွဲပြောင်းပေးရေးအတွက်နိုင်ငံဖြတ်ကျော်မှု့ခင်းရဲတပ်ဖွဲ့သို့တောင်းဆိုထားကြောင်းဖော်ပြထားပါတယ် ။


Credit SiThu Maung